7

2.5K 207 2
                                    

" ကျွန်တော်ရဲ့ကောင်လေး "

ညနေရောက်တော့
lu ဆေးရုံကအပြန် Tao နဲ့အတူ ဈေးဝယ်ပြီး လမ်းခွဲခဲ့ကြသည်။

                    °•°•°•°

Sehun နဲ့ Chanyeol အလုပ်က ပြန်လာချိန် အိမ်ထဲအရောက်မှာပဲ
အိမ်အတွင်း ပျံ့နှံ့နေသော ဟင်းရနံ့တွေကြောင့်  တစ်ယောက်နဲ့ တစ်ယောက်  မေးဆက်ပြလိုက်သည်။

အိမ်မှာ  ဟင်းချက်မည့်သူ ဘယ်သူမှမရှိ။  ဒါဆို  ကောင်လေး  တစ်ယောက်…

yeol   "ဟာ !!   ဘာဟင်းလဲ မွှေးနေတာပဲ "

hun   "ကောင်လေး ဟင်းချက်နေတာများလား  မသိဘူး  Hyung  "

hun မီးဖိုခန်းထဲ ဝင်လိုက်တော့ …

ထမင်းစား စားပွဲပေါ်မှာ ဟင်းခွက်လေးတွေ အစီအရီ တင်ထားပြီး
Apronလေး ဝတ်ထားကာ
မီးဖိုပေါ်က ဟင်းအိုးလေးထဲကို
ဇွန်းလေးကိုင်ကာ အရသာမြည်းလိုက်
မွှေလိုက်နဲ့ အလုပ်ရှုပ်နေသောကောင်လေးကိုတွေ့ရသည်။

ထိုအချိန်...

lu "သြော် …  ခင်ဗျား ပြန်ရောက်ပြီလား
manager ကြီးရော "

yeol ကပါ  ဝင်လာပြီး...

" ဟင်းချက်နေတာပေါ့ မဆိုးပါဘူး
မင်းက apronနဲ့လည်း လိုက်သားပဲ "

lu :  "manager ကြီးရော ခင်ဗျားရော ရေချိုးပြီးရင် ထွက်လာလိုက်ပါ
ဒီမှာ အဆင်သင့်ဖြစ်နေပါပြီ "

yeol :   "အေးပါကွာ ဒါနဲ့ငါ့ကို manager ကြီးလို့ မခေါ်ပါနဲ့ sehun ခေါ်သလို hyung ဒါမှမဟုတ်
yeol hyung လို့ပဲခေါ်ပါ "

lu "ဟုတ်ကဲ့ "

hun "ငါ့ကိုလည်း ခင်ဗျားလို့မခေါ်နဲ့
sehun လို့ပဲခေါ် "

lu  " အင်းပါ "

                      °•°•°•°

ထမင်းစားပွဲ မှာ လူစုံတော့…

sehun နဲ့yeol က ခေါင်းမဖော်တော့ဘဲ  အားရပါးရ  စားကြသည်။

yeol နဲ့hun ၂ ယောက်တည်း နေကတည်းက ဘာမှချက်ပြုတ်မစားကြဘဲ
နေ့စဉ် အပြင်ထွက်စားကြသည်။

အိမ်ထမင်း အိမ်ဟင်းနဲ့ဝေးနေလေတော့ lu ချက်ကျွေးတဲ့ ညနေစာက အရသာရှိလှသည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Tempat cerita menjadi hidup. Temukan sekarang