20

3K 217 23
                                    

Happy💞 HunHan💞 Day       20.12.2016

part-20

Suho Busan မှာ သွားနေပြီး
lu က တော့ soeul မှာ ပဲ နေခဲ့ပြီး sehun ဆီမှာပဲ အလုပ်ဆက်လုပ်နေသည်။

lu အနေနဲ့ သူ့ omma ဆေးရုံကဆင်းပြီးတဲ့နောက်   အတူနေရတဲ့ အချိန်က  မကြာသေးတာမို့ မခွဲချင်ပေ  ။
ဒါပေမယ့်  suho စိတ်ချမ်းသာအောင် လိုက်လျောခဲ့ပြီး    မတားဖြစ်ခဲ့ပါ။

suho ကိုယ်တိုင်လည်း lu ကို ထားမသွားချင်။    ဒါပေမဲ့ သူကိုယ်တိုင် ဆုံးဖြတ်ရခက်နေတဲ့  ကိစ္စတစ်ခုကို တိုင်ပင် ဖြေရှင်းချင်လို့သာ Tao ရှိတဲ့ ဘူဆန်ကို  ထွက်လာခဲ့ရခြင်း ဖြစ်သည် ။

Tao က   lu ကို ငယ်စဉ်ကတည်းက  ထိန်းကျောင်းလာသူမို့  lu  အတွက် တော့ အရေးပါတဲ့ သူတစ်ယောက်ဖြစ်သည် ။
ဒါ့ကြောင့်  lu  ဘဝအတွက်   အရေးကြီးတဲ့ ဆုံးဖြတ်ချက်  တစ်ခုချရာမှာလည်း Tao ကို အလေးအနက်ထားပြီး   လာတိုင်ပင်ခြင်းဖြစ်သည်။

                   °•°•°•°•°•°

hun       " lu …   ကောင်လေး… ဘာလုပ်နေတာလဲ  အမြန်လာ "

lu        " Sehun   ဘယ်သွားမလို့လဲ ဒါ အလုပ်ချိန်ကြီးလေ "

hun        " လာ လိုက်ခဲ့  … အရေးကြီးတဲ့ ပွဲတစ်ခု   သွားစရာ ရှိတယ် မင်းလိုက်မှ  ဖြစ်မှာ "

lu          " ကျနော်က ဘာလိုက်လုပ်ရမှာလဲ ခုထိ  နေ့လည်စာလည်း မစားရသေးဘူး "

hun         " စကားတွေ များလိုက်တာ အသာလေး လိုက်ခဲ့ စမ်းပါ "

ပြောတာကနောက်  lu ရဲ့ လက်ကို အတင်းဆွဲပြီး ခေါ်သွားတာ  က အရင်  ဖြစ်သည်။
ကားပေါ်ရောက်မှပဲ လက်ကို  လွှတ်ပေးတော့သည်။

sehun ကို တစ်ချက်ကြည့်ရင်း   lu တွေးနေမိတာက …

sehun ပြောင်းလဲ လာတာတွေကိုပင်။
lu ကို  ကောင်လေးလို့ ခေါ်ရာကနေ   lu လို့ ပြောင်းခေါ်လာပြီး  … အရင်က အေးစက်သလို ရှိပေမဲ့  ခုနောက်ပိုင်းမှာ  lu နဲ့     ပိုပြီး နီးနီးကပ်ကပ် ရှိလာသည်။  … ဘယ်သွားသွား ဘာလုပ်လုပ် lu က အမြဲ သူ့ဘေးမှာ  ရှိနေရပြီး
မျက်စိရှေ့က အပျောက်မခံတာတွေ…
ဒီကြားထဲ ဂရုစိုက်တာလည်း  ပိုလိုချင်လာသည်။ ဘာမဟုတ်တာလေးနဲ့  နေမကောင်းဖြစ်ချင်ပြီး
သူမကိုပဲ ပြုစုခိုင်းနေတော့တာတွေ… တစစ နဲ့ Lu  သံသယ ဖြစ်မိလာသည်။
lu မိန်းခလေးဆိုတာ sehun  သိနေသလား … တစ်ခါတစ်လေ   လူက အကျဉ်းကျနေသလို… ဟိုဟာ မလုပ်ရဘူး  ဒီဟာပဲ လုပ် ဆိုတဲ့  သူ့စကားတွေက  …
lu ကို  စိတ်မချတာလား။   ဇီဇာ ကြောင်နေတာလား …  
ဝေခွဲမရပေမဲ့  အမိန့် ဆန်ဆန် ကျရောက်လာတဲ့ သူ့စကားတွေကို lu မပယ်ရှားနိုင်ဘူး…

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now