4

2.8K 220 5
                                    

       " ကျွန်တော်ရဲ့ကောင်လေး"

lu ရဲ့ခြေလှမ်းများက monster club ဆီသို့ ဦးတည်လိုက်သည် ...။

ယိုင်နဲ့သောခြေလှမ်းများနှင့် အတူ
club ထဲရောက်တော့...

အချိန်က ည 11 နာရီ  ရှိပြီ။

Dance floor မှာတော့ လူမရှိ…
ဒါပေမယ့်  စားသောက်ခန်းနဲ့ VIP room များမှာ လူအပြည့်ရှိနေသည်။

Club မှာ
24 နာရီ အပြည့် ဖွင့်ထားသောကြောင့် လူပြတ်တယ် ဆိုတာ မရှိသလောက်ပင်ဖြစ်သည် ...။

lu က club မန်နေဂျာ ဆီသွားပြီး...

lu    " မန်နေဂျာကြီး …
ကျနော်  … လုပ်အားခ လာထုတ်တာ "

Manager Seo :  " အလုပ်ကျတော့ မလာဘူး . . .
လုပ်အားခတော့ လိုချင်တယ်"

lu : "ရစ်မနေနဲ့ဗျာ  . ကျနော်လုပ်အားခ ၁ပတ်စာပဲရှင်းပေးပါ"

luhan  စိတ်မရှည်တော့ပါ ။ နဂိုကတည်းက  ဒီလူကြီးနဲ့  မတည့်ခဲ့လေတော့ …

seo  "လုပ်အားခက ငါရှင်းပေးမှာ မဟုတ်ဘူး သူဌေးဆီသာ တန်းသွားလိုက် "

manager seo  က မချိ ပြုံးနဲ့
room no.99 သို့ မျက်စပစ်ပြသည်။

luhan  လည်း ချက်ချင်းသွားကာ အခန်းတံခါးဖွင့် လိုက်တော့ …

တွေ့ရတဲ့သူက အရင်သူဌေးမဟုတ်ပဲ
lu မုန်းသည့်လူတစ်ယောက်...။

man " Hi ကောင်လေး !
ငါ့ကို မှတ်မိမယ်ထင်တယ် . . . မင်းရဲ့ကယ်တင်ရှင်လေး မျက်နှာရော သက်သာရဲ့လား "

luhan ချက်ချင်း မှတ်မိလိုက်သည်။
ရန်ဖြစ်ထားတာ တစ်ရက်တောင်မပြည့်သေးဘူး  မဟုတ်လား …

lu :  "ခင်ဗျားက . . ဘယ်လိုလုပ်. ."

man "ငါကခုချိန်ကစပြီး ဒီ club ပိုင်ရှင် သူဌေးဖြစ်သွားပြီ"

lu : "  ခင်ဗျားလက်အောက်မှာ အလုပ် ဆက်လုပ်ဖို့ စိတ်ကူးမရှိဘူး . .
လစာသာရှင်း"

luhan မှာ ရန်ဖြစ်ဖို့ အားမရှိ။ အချိန်လည်း မရှိပါ။  စိတ်ရော လူရော
ပင်ပန်းနေလေပြီ။

ထိုလူက ထိုင်ရာမှ ထလာပြီး lu အနားသို့ကပ်ကာ ...

man : "သေချာကြည့်လေ  မင်းကချောလေပဲ  အင်းလေ kim suho ရဲ့ သမီးဆိုတော့လည်း "

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now