.18

2.9K 204 28
                                    

" ကျွန်တော်ရဲ့ကောင်လေး"

~~~~part.18~~~~

company ရောက်တဲ့ထိ lu အရှက်မပြေသေးပါ။
sehun နဲ့လည်း မျက်နှာချင်း မဆိုင်ဖြစ်အောင် ရှောင်နေပေမယ့် ...
တစ်ခုပြီး တစ်ခု ခိုင်းနေတော့တာမို့
သူ့ရုံးခန်းထဲကနေကို မထွက်ရတော့ပါ။

ကြံဖန် ခိုင်းပုံက စနစ်တကျ ရှိနေပြီးသား ဖိုင်တွဲနဲ့ စာအုပ်တွေကို ပြန်စီခိုင်းနေပြန်သည်။

သူကတော့ ထိုင်ခုံပေါ်မှာ အခန့်သား ထိုင်နေပြီး
အလုပ်ရှုပ်နေတာက lu တစ်ယောက်တည်း။

အလုပ်ရှင်မို့ ပြန်မပြောရဲပေမယ့် ...
စိတ်ထဲမှာတော့ ကြိတ်ပြီး မေတ္တာတွေ ပို့နေမိသည်။

sehun ကတော့
lu ရဲ့ စူပွပွ မျက်နှာလေး နှင့် တွတ်ပွတွတ်ပွ ရေရွတ်နေပုံကို ကြည့်ပြီး ကျေနပ်နေတော့သည်။

°•°•°•°•

ဆေးရုံမှာ ...
Suho တစ်ယောက်တည်း ရှိနေချိန်. .

" suho shi "

သူမ နာမည်ကို ခေါ်သံကြားလိုက်တာကြောင့်
ကျောပေးထားရာက လှည့်ကြည့်မိတော့...

သူမနဲ့ သက်တူ ရွယ်တူ ရှိသည့် အမျိုးသမီးတစ်ယောက် အနားမှာ ရောက်နေသည် ။

သူမ မျက်နှာကို မြင်သည်နှင့် မှတ်မိလိုက်ပါ၏။
Kris ရဲ့ လက်ရှိ ဇနီးချော ...
Galaxy Group ရဲ့ ဥက္ကဌကတော် Yu Minzi ပါပဲ...။

Kris ပြန်သွားသည်မှာ ၁ ပတ်မျှသာ ရှိသေးပြီး ယခု သူမက ရောက်လာပြန်သည်။
စိတ်ရှုပ်ထွေးစွာ သက်ပြင်းတစ်ချက် ချလိုက်မိပြီး...

su " သူ လွှတ်လိုက်တာလား ?
ကျမတို့ ကြားမှာ ပြောစရာ ဘာကိစ္စမှ မရှိဘူးထင်တယ် "

minzi " ကျမ ဒီကို လာတာ kris oppa မသိပါဘူး ကျမ သဘောနဲ့ ကျမ လာခဲ့တာပါ
ဒီက suho ကိုလည်း ရှင်းပြ ချင်တာလေး ရှိတယ် ပြောစရာ လည်း အများကြီး ရှိပါတယ် ကျမကို အချိန် အနည်းငယ် ပေးပါ "

မပေးလျှင်လည်း မရ။ နားမထောင်ချင်လည်း ...

minzi " lu ... luhan လေးကို ကျမ သမီးအဖြစ် တရားဝင် မွေးစားချင်ပါတယ် "

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now