EXTRA-5 (Ending)

1.9K 94 1
                                    


"ကျွန်​​တော့်​ရဲ့​ကောင်​​လေး"

Sehun တစ်ယောက် မွေ့ယာထက်မှာ ကန်လန့်ဖြတ်လှဲရင်း  လက်ပတ်နာရီကို ကြည့်လိုက်၊
နောက်  မွေ့ယာထက်ကနေ ဆင်းကာ ရေချိုးခန်းတံခါးဆီ လျှောက်လာပြန်လိုက်၊
နာရီ ကြည့်လိုက် လမ်းလျှောက်လိုက်ဖြင့် အငြိမ်နေမရ။
Lu ရေချိုးခန်းထဲ  ဝင်သွားတာ  ကြာပြီ ၊ နာရီဝက် ကျော်သည့်တိုင်  ထွက်မလာသောအခါ  စိတ်က ပူရတော့သည်။ Lu မှာက မပေါ့မပါးနှင့်၊
ဒီလို အချိန်တွေက  ဂရုစိုက် နိုင်မှသာ။ မဟုတ်လျှင်  အန္တရာယ်က အများသား…။

ဘယ်တုန်းကမှ  ဒီလောက်မကြာဖူးခဲ့တာကို…
ဘာဖြစ်လို့ပါလိမ့်…

Hun : " Lu ရေ … Lu ဘာလုပ်နေတာလဲ
ကြာလှနေပြီ … ထွက်ခဲ့တော့ Lu ရယ် ကြာရင် အအေးပတ်မယ်   … Lu  !!  "

Sehun က တံခါးကို  တဒေါက်ဒေါက် ခေါက်ပြီး စကားတွေပြောနေသော်လည်း Lu ဘက်က ဘာမှပြန်ဖြေသံမကြားရ။
Sehun စိတ်ပူလာပြီမို့…

Hun: Lu ထွက်မလာရင်  ကိုယ်ဝင်လာတော့မှာနော်"

Sehun က  တံခါး Lock ကို ဆွဲလှည့်ဖွင့်လိုက်တော့  Lu က တံခါးရှေ့မှာ  မတ်တပ်ကလေး …။

Sehun  သက်ပြင်းချလိုက်ပြီးမှ …

Hun   " ဘာလုပ်နေတာလဲ lu ရယ်  …စိတ်ပူလို့သေတော့မယ်  ဒီက "

Sehun က ပြောပြောဆိုဆို Lu ကို  ဖြည်းဖြည်းချင်းဆွဲခေါ်လာကာ  ပဝါလေးသာ ပတ်ထားသဖြင့်  ပေါ်လွင်နေသေးသော  ပခုံး နဲ့ ရင်ပြင်လေး ပေါ် နောက်ထပ်  ပဝါ  အရှည် ထပ်ခြုံပေးလိုက်သည်။
နောက် Lu  အဝတ်စား တွေထဲက  သင့်တင့်ရာကို ထုတ်ပေးကာ …

Sehun  " lu  မြန်မြန်ဆန်ဆန် အဝတ်လဲ ဒီထက်ပိုကြာလို့မဖြစ်တော့ဘူး … အအေးမိတော့မယ်ကွာ …  ဘာလို့ ကြာရတာတုန်း …"

Lu က  Sehun ဆီ နှစ်လှမ်းလောက် လျှောက်လာပြီး   ရင်ခွင်ထဲဝင်ကာ  ခေါင်းလေးမှီတော့… Sehun  ပိုလို့ စိတ်ပူသွားသည်။ သို့သော်  အတင်းမမေးတော့ဘဲ Lu ကို  ခပ်ဖွဖွ ပြန်ပွေ့ဖက်ကာ  နဖူးလေးကို ညင်သာသော အနမ်းလေး ပေးသည်။

Hun    " Lu ရယ်  … ဘာအခက်အခဲရှိလို့တုန်း
…Lu ဘေးမှာ ကိုယ်တစ်ယောက်လုံး  ရှိနေတာပဲ "

ကျွန်တော်ရဲ့ကောင်လေး [Completed]Donde viven las historias. Descúbrelo ahora