21

2.8K 190 12
                                    

•°• ကျွန်တော်ရဲ့ကောင်လေး•°•

°•° part:21°•°

27.12.2016

Suho တစ်ယောက် Busan မှာရှိတဲ့
Tao တို့ အိမ်လေးရဲ့
ပန်းခြံလေးထဲမှာ တစ်ယောက်တည်း ရှိနေချိန် ...

"Kim suho "

တိုးညှင်း အေးစက်တဲ့ အသံဖြစ်ပေမယ့် ဒီအသံကို Su မှတ်မိတာမို့...
သက်ပြင်းလေးတစ်ချက်ချရင်း နောက်ကျောပေးထားရာကနေ လှည့်ကြည့်လိုက်သည် ။

su " ဒီအထိတောင် လိုက်လာတယ်ဆိုတော့ အရေးကြီးနေတဲ့ ပုံပဲ "

kris " သိရဲ့သားနဲ့ ကိုယ့်ကို မလှောင်ပါနဲ့ su ရယ် "

Kris ဘာအတွက် ရောက်လာသည် ၊ ဘယ်လောက် အလျင်လိုနေသလဲဆိုတာ Su သိလိုက်ပါရဲ့...

သူမ ဘက်မှာလည်း Kris အတွက် အဖြေ အဆင်သင့်ရှိနေပြီးသား မဟုတ်လား ...
အချိန်ဆွဲနေလို့လဲ အကျိုးထူးလာမယ့် ကိစ္စ မဟုတ်လေတော့ ...

su " ကျမ လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ
ဒါပေမဲ့ lu သဘောဆန္ဒရှိသေးတယ် lu လက်မခံဘူးဆိုရင်တော့ ရှင် နောက်ဆုတ်ပေးရမယ် "

kris " su ကို ကျေးဇူးတင်ပါတယ် lu လက်ခံလာအောင် ကိုယ် အတတ်နိုင်ဆုံး ကြိုးစားမှာပါ "

su " ကျမလည်း lu လက်ခံလာအောင် ပြောပေးမှာပါ "

သေချာပြန်စဉ်းစားကြည့်ရင် lu ဘဝလေး တိုးတတ်ချမ်းသာဖို့ပဲလေ...။
တစ်ဖတ်က လိုလိုလားလား ရှိနေချိန်မှာ ခဏတာတော့ စွန့်လွှတ်ရမည်။ Lu အနာဂတ်လေး လှပဖို့ပဲ ...
ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန် ချမိလိုက်ပေမယ့် သူမ မမှားနိုင်ပါဘူးလေ ...
Kim Suho ဆိုတာ မိခင်တစ်ယောက်ဖြစ်သလို ...
Xiao Kris ဆိုတာလည်း ဖခင်တစ်ယောက်ပဲ ။

ဖခင် မေတ္တာနဲ့ စောင့်ရှောက်မှု့ကို Lu လေး ခံစားသင့်တာပေါ့ ...။

သူမတို့ ၂ ယောက်ကြားမှာ အချိန်အတော် ကြာသည်အထိ တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားပြီးတဲ့နောက် ...

kris " ကိုယ်ပြန်တော့မယ် su "

kris ပြန်သွားတော့မှ တွေးမိသည်က သူမ ဧည့်ဝတ်မကျေပွန်ခဲ့ပါလား ဟူ၍။

ဆိုလ်းကနေ ဘူဆန်ထိ လိုက်ပြီး လာတွေ့တဲ့သူကို ထိုင်စရာတစ်နေရာ မပေးခဲ့သလို ရေတစ်ခွက်တောင် မတိုက်မိပါ။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now