Ending ...

3.5K 187 30
                                    

ကျွန်တော့်ရဲ့ကောင်လေး

3 month later...

ပန်းနုရောင် ကိုယ်ကျပ် လက်ရှည်လေးကိုမှ ဒူးနားတွင် ပိတ်ဖောက်ဇာ ပတ်လည်လေးဝဲကျနေသည့် ဂါဝန်လေးကို ဝတ်ဆင်ကာ ...

မှန်တင်ခုံရှေ့တွင် လှပမှု့တို့ကို ထပ်ဆင့်ခြယ်မှုန်းနေသည့် Lu ...

ဖြူ ဝင်းသော အသားအရေထက်ဝယ်
လိုက်ဖတ်လွန်းသည့် ပြင်ဆင်ခြယ်သမှု့တို့က Lu ကို ပို၍ တင့်တယ် ကျောရှင်းစေသလို ...
တသွေးတမွေးနဲ့ လှချင်တိုင်း လှနေတော့သည် ...။

" Lu "

တံခါးခေါက်သံ မပေးဘဲ နာမည်ခေါ်ရင်း lu အခန်းထဲ ဝင်လာသည့် သူကြောင့် ...

Lu    " Hun ... မင်္ဂလာပွဲစဖို့က လိုသေးတယ်မလား ..."

Hun    " အင်းလေ ... ဒါပေမယ့် ကိုယ်တ်ု့က အစောကြီး ရောက်နေနှင့်ရမှာ စောသွားသင့်တယ် ..."

Lu " အင်း ... ဒါဆိုလဲ သွားရအောင် ... Lu က အားလုံး အဆင်သင့်ဖြစ်နေပြီ "

Lu က မှန်တင်ခုံကနေ ချက်ချင်းထကာ အိပ်ယာပေါ်ရှိ
ပိုက်ဆံအိတ်လေးကို လှမ်းယူလိုက်ပြီး …

Lu " Hun နောက်ဆို အခန်းထဲကို အသံမပေးဘဲနဲ့ မဝင်လာနဲ့နော် "

Hun " ဘာလို့လဲ "

Lu " မသင့်တော်ဘူးလေ ...Lu တို့က ..."

Lu စကားပြောနေချိန် ...

lu ရဲ့ ကျော့ရှင်း သွယ်လျတဲ့ ခါးလေးကို အနောက်ကနေ ယှက်သိုင်းကာ တွယ်ဖက်လိုက်တဲ့ Sehun ကြောင့် သူမပြောမယ့် စကားက ရပ်တန့်သွားသည် ...

Lu " Hun ... "

Hun " Lu အရမ်းလှတယ် "

Sehun မနေနိုင်တော့ပဲ ပြောလိုက်တော့သည်။

သူ အခန်းထဲ ဝင်လာကတည်းက Lu ကို မျက်နှာ မလွှဲဘဲ ကြည့်နေခဲ့တာ ...
သူမလေး သိပ်ကို လှလွန်းနေလို့ပါလေ …

တစ်ချိန်က ယောက်ျားလေး တစ်ယောက်လို နေခဲ့တုန်းက မခြယ်သဘဲနဲ့ကို ချောမောခဲ့သူလေး ဖြစ်ခဲ့ကာ. . 
Lu ရဲ့ ဖြူ စင်တဲ့ ထိုမျက်နှာလေးကိုပင် ကြည့်မိတိုင်း ရင်ခုန်နေခဲ့ရသည့် Sehun အတွက် ...
ခုလို မိန်းခလေး ဆန်ဆန် ခြယ်မှုန်းထားသည်ကို မြင်ရချိန်မှာ ပိုပြီး ရင်ခုန်ရပြန်သည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now