27

2.3K 162 17
                                    

        " ကျွန်​​တော်​ရဲ့​ကောင်​​လေး"

ကြီးမားကျယ်ဝန်းသော ခန်းမကြီး အတွင်းမှာ ... မီးရောင်စုံတွေ တဖိတ်ဖိတ် တလက်လက် တောက်ပနေသည်။

စီးပွားရေးလောကမှ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားခံထားရသည့် ဧည့်ပရိတ်သတ်တွေလည်း စုံလင်စွာ ... တတ်ရောက်ကြသည့် အခမ်းအနားတစ်ခု ...။

Korea ရဲ့ အင်အားကြီး စီးပွားရေးလုပ်ငန်းစု တစ်ခု၏ Dinner Party ဖြစ်သည်။

အင်အားကြီး လုပ်ငန်းစု တစ်ခုဖြစ်သည့်နည်းတူ ... ၎င်းလုပ်ငန်းစု နှင့် မကင်းရာ မကင်းကြောင်း လုပ်ငန်းငယ်လေးများက ထိုပွဲကို တတ်ရောက်ကြရသည်။

Lu တို့ Galaxy Group က သေးငယ်တဲ့ လုပ်ငန်းစု မဟုတ်ပေမယ့် ထိုလုပ်ငန်း မိသားစုတွေနဲ့ ရင်းနှီးခင်မှု့က တစ်ကြောင်း ... တွဲဖတ်လုပ်ကိုင်ရသည့် လုပ်ငန်းတစ်ချို့ကြောင့် လူမှု့ရေးအရ မတတ်မဖြစ် တတ်ရောက်ရသည့် Party ပွဲ ဖြစ်နေသည် ...။

ထိုပွဲကို lu နဲ့  lu ရဲ့ မောင်လေး Chen ရယ် ၊ Galaxy Group ရဲ့ ဥက္ကဋ္ဌ Kris ရယ် ၃ ယောက်လုံး တတ်ရောက်ဖြစ်သည် ။

ရင်းနှီးတဲ့ မိတ်ဆွေတွေကို လိုက်လံ နှုတ်ဆက်ရင်း အလာဘ သလာဘ ပြောရင်း နှင့်ပင်... အသိ မိတ်ဆွေ တိုးပွားရသည် ။

Dinner မစမီလေးမှာပဲ ... lu သန့်စင်ခန်း ခဏ သွားချိန် ...
မထင်မှတ် မမျှော်လင့်ထားပဲ ... လူတစ်ယောက်နဲ့ ပြန်တွေ့ဆုံရသည် ။

ထိုသူက တခြားမဟုတ် ...
lu သူငယ်ချင်း Baek …။

Baek " ဟင် ... lu …  lu မလား "

lu နဲ့ baek ၂ ယောက်လုံး အံ့သြဝမ်းသာ ဖြစ်ကာ ပါးစပ်အဟောင်းသားဖြင့် ...

lu   " Baek... ဟာ  ဝမ်းသာလိုက်တာ Baek ရယ် "

Baek က မယုံကြည်နိုင်လောက်အောင် ပြောင်းလဲ သွားသော lu ကို ကြည့်ရင်း အံ့သြ မှင်သတ်နေသည် ။

lu " baek ... ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ..."

baek " သြော် ... အဲဒါက ဒီလုပ်ငန်းစု ရဲ့ သမီးက Uni မှာ သူငယ်ချင်းတွေမို့လေ ... lu ငါတို့ တစ်ရက်ရက်မှာ အေးဆေးတွေ့ရအောင် ...ပြောစရာတွေ အများကြီးရှိတယ် ...နောက်ပြီး မေးစရာလည်း ရှိတယ် ..."

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now