10

2.8K 221 24
                                    

" ကျွန်တော်ရဲ့ကောင်လေး"

Galaxy group ရဲ့ ဥက္ကဌ ရုံးခန်းမှာတော့. . 

Kris      "ငါ စုံစမ်းခိုင်းတာ သိရပြီလား "

secretary        "ဟုတ်ကဲ့ ရခဲ့ပါပြီ ဥက္ကဌ ကြီး
အချက်အလက်အားလုံးက ဒီမှာပါ "

suho နဲ့ lu တို့ရဲ့ profile တွေပါ​သော
စာအိတ်တစ်ခုကို kris ဆီသို့ပေးလိုက်သည်။

သူ  profile တွေကိုကြည့်လိုက်တော့. 

တွေ့ရတာတွေက ထင်မှတ်မထားသော
အရာတွေ ဖြစ်နေတာကြောင့် အံ့သြသွားရသည်​။

တစ်​ချိန်​က သူ့ရဲ့ ကြင်နာမြတ်နိုးရခဲ့သူ  Suho . . သူမမှာ သမီးတစ်​​ယောက်​ ရှိ​နေသတဲ့လား .  

ခဏတာစဉ်းစားလိုက်ပြီးနောက်မှာ
ထိုအကြောင်းအရာက သူရဲ့ရင်တစ်စုံကို လှုပ်​ရှားသွား​စေသည်​။

ငါနဲ့ရတဲ့ ငါ့ရဲ့သွေးသားများလား . . " ဟူ​သော အ​တွေးကလည်း   တစတစ တိုးဝင်​လျက်​.  

တစ်ချိန်က သူ Suho နဲ့ ပတ်သက်ခဲ့ဖူးတာကို ပြန်စဉ်းစားကြည့်ရင်
luhan က သူ့ရဲ့ သွေးသားဖြစ်နိုင်တာကြောင့်

kris တစ်ယောက် သူ့ရဲ့ သံသယ စိတ်ကို ဖျောက်ဖျက်ဖို့အတွက် ...

kris     "အတွင်းရေးမှူး Lee
luhan နဲ့ငါ့ရဲ့ DNA စစ်ချက်ကို လိုချင်တယ် အမြန်ဆုံး
ရအောင်ဆောင်ရွက်ပေးပါ "

secretary     "ဟုတ်ကဲ့ပါ  ဥက္ကဌကြီး
ဟို …   နောက်ပြီး လာမယ့်အပတ်မှာ Oh shin ရဲ့ ဥက္ကဌကြီး Mr. Oh
korea ကိုပြန် လာမယ်ဆိုတဲ့သတင်း ရထားပါတယ်  အဲ့ဒါ ဘယ်နေ့ချိန်းရမလဲခင်ဗျ "

kris   " သူတို့ဘက်နဲ့ သေချာညှိလိုက်ပါ အဆင်ပြေတဲ့ တစ်ရက်ရက်ပေါ့ "

secretary      "ဟုတ်ကဲ့ပါ   ဥက္ကဌကြီး "

                 
                         •°•°•°•

Oh sehun တစ်ယောက် ရုံးခန်းထဲ ထိုင်နေဆဲမှာပင်
luhan ပြန်ရောက်လာသည်။

Sehun   : "ကောင်လေး   ငါ့အတွက် သောက်စရာတစ်ခုခု   လုပ်ပေး"

lu ရုံးခန်းထဲရောက်လို့ ထိုင်တောင်မထိုင်ရသေး ဆီးကြို ပြီးတော့
ခိုင်းတော့သည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now