19

3K 220 16
                                    

" ကျွန်တော်ရဲ့ကောင်လေး

Part-19

lu " omma ညာနေတာ lu ကို မလိမ်ပါနဲ့ နောက်တစ်ရက်နေရင် omma က ခွဲစိတ်ရတော့မှာ ဘာမှ မတွေးပါနဲ့ omma ဘေးမှာ Lu တစ်ယောက်လုံးရှိတယ် "

hun " ဟုတ်တယ် အန်တီ ခွဲစိတ်ရမယ့် ရက်က အရမ်းနီးနေပြီ တခြား ဘာမှ မတွေးပါနဲ့ စိတ်အပင်ပန်း မခံပါနဲ့ "

su " အင်းပါကွယ် အန်တီ အတွက် စိတ်ပူပေးတဲ့ သားကို အန်တီ ကျေးဇူးတင်ပါတယ် ဆေးရုံစရိတ်တွေရော အများကြီး ကူညီထားတာ ဘယ်လိုကျေးဇူးပြန်ဆပ်ရမှန်းတောင် မသိတော့ဘူး "

Suho စကားကို ကြားတော့ Lu Sehun ကို အားနာပြီး ကျေးဇူးတင်မိပြန်သည်။
Lu အလုပ်လုပ်ပြီး ပြန်ပေးဖို့ရာ ဘယ်လိုပဲကြိုးစား Sehun ဆီမှာ
တင်ရှိခဲ့တဲ့ ကျေးဇူးတွေကို ဆပ်ဖို့မလွယ်ပါ။
Sehun က Lu တို့သားအမိ အတွက် တကယ့်ကျေးဇူးရှင်ပါပဲ...။

°•°•°•°

operating room ထဲမှာ
ခွဲစိတ်မှု ပြု လုပ်နေရတဲ့ suho ။

အပြင်ဘက်မှာတော့ နေမထိ ထိုင်မသာ ဖြစ်နေတဲ့ luhan ...။

operating room ရှေ့ အရှေ့အနောက် ခေါက်တုံ့ ခေါက်ပြန်လျှောက် နေတဲ့ lu ကိုကြည့်ပြီး ...

hun " lu ... ကောင်လေး ... ဟျောင့်... မင်းငြိမ်ငြိမ်လေး ထိုင်နေစမ်းပါ မျက်စိကို နောက်နေတာပဲ မင်း စိုးရိမ်နေတယ် ဆိုတာကို သိပါတယ် ဒါပေမယ့် စိတ်ပူစရာ မလိုဘူးလို့ Dr က ပြောသွားတယ် မဟုတ်လား "

sehun စကားက lu နားထဲ တိုးမဝင်ပါ။

suho ကို စိုးရိမ်နေတာ မှန်ပေမယ့်
သူတကယ်တွေးနေတာက suho ဆေးရုံဆင်းရင်
နေဖို့အိမ် ...
ကိုယ်တိုင်က သူများဆီမှာ ကပ်နေရတာမို့ suho ကို sehun အိမ် ခေါ်သွားရမှာ မဝံ့မရဲ ဖြစ်နေသည်။

အိမ်အသစ်ငှားရအောင်လည်း
sehun ပိုက်ဆံတောင် မဆပ်နိုင်သေးတာ
ဘယ်မှာသွား အိမ်ငှားရမလဲ...
ဘယ်က ပိုက်ဆံနဲ့လဲ ?

ဘယ်သူ့ကိုမှလဲ ဒုက္ခမပေးချင်။
baek ဆီလဲ အကူအညီ မတောင်းချင်ဘူး
sehun ဆီမှာလည်း ထပ်ပြီး မတောင်းဆိုချင်ဘူး
အောက်ကျ နောက်ကျ နိုင်တယ်ဆိုပေမယ့် အဲ့သည်ထက် ပိုတာက ကျေးဇူးတရားတွေ...

ကျွန်တော်ရဲ့ကောင်လေး [Completed]जहाँ कहानियाँ रहती हैं। अभी खोजें