25

2.7K 168 6
                                    

" ကျွန်​​တော်​ရဲ့​ကောင်​​လေး"

Hun ဘယ်လောက်ပဲ Lu ကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ ကြိုးစားခဲ့
lu ဆန္ဒမပါဘဲ ဖြစ်ခဲ့တဲ့ အရာ အားလုံးကို lu အသိအမှတ် မပြု နိုင်ခဲ့ပေ...။

Hun လည်း သူ့စိတ်အလိုအတိုင်း ပြုမူခဲ့တဲ့ လုပ်ရပ်အတွက် နောင်တ တည်းဟူသော ရလဒ်ကိုသာ လက်ဝယ်ပိုင်ခဲ့သည် ...။

မုန်းတယ် ဆိုသော စကားထက် နာကျင်စေသော lu ရဲ့ မျက်ရည်တွေက hun ရဲ့ ရင်ကို ပူလောင်စေခဲ့သည် ....။

နောက်ဆုံး Lu ကို လက်လွှတ်ပေးခဲ့သလို
အရှုံး ပေးခဲ့ပါ​သည် ...။

Lu လည်း Hun နဲ့ ဝေးရာ ရေခြား မြေခြား အရပ်သို့ ထွက်ခွာသွားခဲ့သည် ...။

စိတ်သစ် လူသစ်နဲ့ ဘဝသစ် ကို တည်ဆောက်ဖို့ ထွက်သွားခဲ့ပေမယ့်
ရင်ခွင်သစ်ကိုတော့ ဝင်ရောက်မှာမဟုတ် ... lu အနေနဲ့ hun ကို သူ့နှလုံးသားထဲမှာ စူးစူးနစ်နစ် ချစ်ခဲ့သည် မဟုတ်လား ...။

ဒါတွေ တစ်ချိန်တော့ lu ပြတ်သားစွာ သိရှိမှာပါ ...

နှလုံးသား ဒဏ်ရာ နဲ့ စိတ်ဒဏ်ရာကို
အချိန်တွေက ကုစားပေးနိုင်တယ် ဆိုသော်လည်း lu ရဲ့ ဒဏ်ရာ များကတော့ ဘယ်လိုကုစားလို့မှ ပျောက်ပျက်မသွားခဲ့ ...။

တိုက်ဆိုင်မှု့ တွေရှိတိုင်း ပြန်လည် အမှတ်တရတွေကို သတိရနေတတ်သည် ...

ထိုမျှလောက် lu ရဲ့ နှလုံးသားကို hunက စိုးမိုးနိုင်ခဲ့ပါသည် ...။

ရက်ကို လစားပြီး လကို နှစ်စားခဲ့ပြီ ~~

ရာသီတွေ အလီလီ ပြောင်းပြီး နှစ်တွေ ကြာညောင်းခဲ့သည်မှာ ~
5 နှစ် တိတိ ပင်ရှိခဲ့လေပြီ ... ။

                       °•°•°•°•°

မပြောင်းမလဲ တည်ရှိနေသော ...
Oh Shin Group ရဲ့ CEO office room ထဲမှာတော့ ~
Hun တစ်ယောက် ရှိနေပါသည် ...။

TV Program တစ်ခု အား စိတ်ဝင်တစား ကြည့်ရှု့နေသည့် Hun အနားကို Chanyeol ရောက်လာသည် .။

" Hun "

Sehun ရဲ့ ပုခုံးပေါ် လက်ကို အသာတင်ကာ…

" အဆင်ပြေရဲ့လား မင်း ခံနိုင်ရည်ရှိလို့လား hun ... ငါ TV ပိတ်လိုက် ..."

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now