" ကျွန်တော်ရဲ့ကောင်လေး "ဂျယ်ဂျူ ကို ဦးတည်လာခဲ့သည့် အပန်းဖြေ ခရီးလေးက ပျော်ရွှင် ကြည်နူးမှု့တို့ အသက်မဲ့လျက်သာ …။
Lu အနားကနေ မခွဲတမ်း ရှိနေတက်သည့် Sehun က Lu နဲ့ မျက်နှာချင်းပင် မဆိုင်။
အမြဲ ပြုံးရယ် နေတက်သည့် Lu မျက်နှာလေးကလည်း ပြို ကျတော့မည့် မိုးလို အုံ့ဆိုင်းနေသည်။အခြေအနေက ဖွင့်ပြောစရာမလိုလောက်အောင် ထင်သာနေသည်မို့ အတူပါလာသည့် Chanyeol Chen Xiu နဲ့ Baek တို့ အနေရကျပ်စွာ ၊ တနည်းအားဖြင့် Lu နဲ့ Sehun ကို ပြန်ပြေလည်အောင် ဖြောင်းဖျရမည် တွေးကာ ပူပင်နေကြရသည်။
သည် ခရီးလေး ထွက်လာဖြစ်ခြင်းက Jaehyun လေး ရဲ့ တစ်နှစ်ပြည့် မွေးနေ့ရယ် Lu တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်ရယ်ကို အမှတ်တရလေး ဖန်တီးချင်ကြလို့ ဖြစ်သည်။
အခုတော့ အဓိက ဇာတ်လိုက်တွေကြား လေစိမ်းတွေ တိုက်နေသည်။
ဒါ့ကြောင့် ကျန်တဲ့ သူတွေမှာလည်း မပျော်နိုင်…။ဘာမှ မသိနားမလည်သည့် ကလေး ၂ ယောက်ကလည်း အခြေအနေကို အလိုက်သိသည့်နှယ် ဂျီ မကျဘဲ မိဘတွေ ရင်ခွင်မှာ အိပ်မောကျ နေလေရဲ့…။
အပန်းဖြေအိမ်သို့ ရောက်လာပြီး အခန်းကိုယ်စီ ခွဲချိန်မှာတော့ …
CY " Sehun နဲ့ Lu က အပေါ်ထပ်နေမယ် မလား … ငါတို့က ကလေး တွေနဲ့မို့ အောက်ထပ်မှ ဖြစ်မှာ …"
Xiu " ဟုတ်တယ် Taeyoug လေးက ညညဆို နိုးတက်တာမို့ လှေကားအတက်အဆင်းနဲ့ဆို အန္တရာယ်များတယ် …"
Lu " ဒီလို လုပ်လေ Xiu … ငါ တူလေး နဲ့အတူ အောက်ထပ်မှာပဲ တစ်ခန်းနေလိုက်မယ် … အပန်းဖြေ လာတုန်းလေး နှစ်ယောက် အတူ အနားယူကြပါ … ကလေး ကို ငါထိန်းမယ် "
Lu က အခန်းခွဲနေမည့် ပုံစံမျိုးဆိုလာတော့ … Sehun မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
Hun " ကျွန်တော်ကတော့ အပေါ်ထပ်မှာပဲ နေမယ် "
Baek နဲ့ Xiu တို့ တားချိန်ပင် မရ ။
Sehun က လှေကားကနေ အပေါ်ထပ်ဆီကို …
Lu က Taeyong ကို ဆွဲ ချီပြီး အတွင်းဘက် အခန်းဆီ…။
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
FanfictionHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...