17

3K 225 23
                                    

" ကျွန်တော်ရဲ့ကောင်လေး "

~~~part.17~~~

su.       " ကို ............ "

ဝင်လာတဲ့သူက တစ်ချိန်က သူမအရမ်းကို တွယ်တာ မြတ်နိုးခဲ့ရသူ lu appa  ၊ Kris ။

kris မျက်နှာကို မြင်တာနဲ့ ကို "  ဆိုတဲ့ စကားလုံးလေးက suho နှုတ်ခမ်းဖျားကနေ အလိုလို ထွက်ကျလာသည်...။

kris     " su . . "

su         " ဒီကို ဘာလာလုပ်တာလဲ ရှင်နဲ့  ကျမ တို့နဲ့ ပတ်သက်စရာ အကြောင်း မရှိဘူးထင်တယ်"

kris     " ဘာလို့ မရှိရမှာလဲ ကိုယ် su ကို စကားနဲနဲ ပြောပါရစေ ကိုယ့်ကို အချိန်ပေးပါလား "

suho စိတ်ထဲမှာ အနည်းငယ် ပူပင်သွားသည်။
သူပြောမယ့် စကားတွေက Lu နဲ့ လည်း ပတ်သတ်နေနိုင်သလို
သူမရဲ့ မလှပခဲ့တဲ့ အတိတ်ပုံရိပ်တွေနဲ့လည်း ဆက်စပ်နေနိုင်သည်...။

ဆေးရုံဝန်းထဲက ပန်းခြံလေးထဲမှာ… … 

တိတ်ဆိတ်မှုတွေနဲ့ ငြိမ်သက်နေဆဲ။

၂ ဦးကြားမှာ တိုက်ခတ်နေတဲ့ လေစိမ်းတွေကို
kris ရဲ့ စကားတစ်ခွန်းက ဖြို ခွင်းလိုက်သည် ...။

kris  " lu. . . luhan က ကိုယ်နဲ့ ရတဲ့ ကလေး မလား luhan က ကိုယ့်သမီးမဟုတ်လား su "

su    " မ... မဟုတ်ပါဘူး "

kris    " မငြင်းချင်ပါနဲ့ su ရယ် ကိုယ် အားလုံး သိပြီးမှ လာခဲ့တာပါ "

ဘယ်လိုကြောင့် သိသွားတယ်ဆိုတာ suho မသိပေမယ့်
သိပြီးမှ လာခဲ့တဲ့သူကိုတော့ ထပ်မငြင်းချင်တော့ပါ။   လိမ်ဖို့လည်း မကြိုးစားချင် ။
အမှန်တရား ကို ဘယ်လိုအရာနဲ့ ဖုံးကွယ်လို့ရမှာတဲ့လဲ… … …

su     " ဒါဆို ဘာအတွက်နဲ့ ကျမ ကို လာတွေ့တာလဲ "

kris   " ဒါကို su အသိဆုံးဖြစ်မှာပါ
ကိုယ့်ကို ပြောပြပါ su
လွန်ခဲ့ နှစ် ၂၀ တုန်းက su နဲ့ omma နဲ့ ဘာတွေ ဖြစ်ခဲ့ကြတာလဲ
su ကရော ကိုယ့်ကို ဘာလို့ ထားသွားခဲ့ရတာလဲ
ကိုယ် ဘာမှမသိခဲ့ဘူး။
ကိုယ် US က ပြန်လာချိန်မှာ su မရှိတော့ဘူး
omma ကလည်း su အကြောင်း လုံးဝအမေး မခံဘူး su ကို ကိုယ်လိုက်ရှာ ခဲ့ပါသေးတယ် ဒါပေမယ့် အခြေအနေအရ . . "

ကျွန်တော်ရဲ့ကောင်လေး [Completed]Tempat cerita menjadi hidup. Temukan sekarang