5

2.7K 207 26
                                    

" ကျွန်တော်ရဲ့ကောင်လေး "

အခန်းတွင်းသို့ ဝင်လာသူက
lu ကို tomboy အဖြစ်ပုံသွင်းပေးခဲ့သူ
နာကျည်းချက်တွေကို ရိုက်သွင်းပေးခဲ့သူ
ထိုသူက…

တံခါးဖွင့်သံကြားလို့ su လှည့်ကြည့်လိုက်တော့...

Su   "ဟင် Tao ဘယ်လိုဖြစ်ပြီး …"

Tao  "နင် ဒီလောက်ဖြစ်နေတာ မလာလို့ ရမလား ငါ့သားလေး luရော"

Su "တော်ပါတော့ Tao နင်ပုံစံသွင်းခဲ့လို့ ခုသမီးluက ဒီလိုပုံစံဖြစ်နေရတာ နောက်ထပ် ဒဏ်ရာတွေ မပေးပါနဲ့တော့"

Tao   "အေးပါ... ငါမှားခဲ့ပါတယ်"

အဲ့ဒီနောက် ၂ဦးသားငြိမ်သက်သွားသည်။
Suho ဘက်က မကြိုဆိုတော့ Tao အလွန်ဝမ်းနည်းသွားရသည်။

Tao "ငါ lu ကိုတွေ့ပြီးမှ ပြန်ပါရစေSu"

Su   "luက ပြန်လာဖို့မသေချာဘူး
နောက်နေ့မှလာခဲ့"

Tao သူပါလာသော သစ်သီးခြင်းလေးကိုထားကာ ပြန်ထွက်သွားခဲ့သည်...။

သူ့မှာ  တောင်းပန်စကားက လွဲပြီး Suho ကို ပြောစရာ စကား မရှိတော့ပါ … တစ်ချိန်က သူ့အမှားတွေ အတွက် နောင်တ ရမိပေမယ့် … သူ Luhan လေးကို  ကိုယ့်ရင်သွေး  အရင်းပမာ မြတ်နိုးတန်ဖိုးထားခဲ့သည်ကို  ကျေနပ်သည်။

Luhan ဟာ  သူ့သမီး ဆိုလည်းဟုတ်
သားတစ်ယောက်ဆိုလည်း ဟုတ်လေသည်။

                     °•°•°•°•°•°

ကားပေါ်မှာတော့ lu ကငြိမ်သက်နေသည်။ တစ်ခုပြီး တစ်ခု ဖြစ်တည်လာတဲ့ စိတ်ညစ်စရာတွေကြောင့်  Lu မှာ  ရယ်ပြုံးဖို့ပင် ခွန်အားမရှိတော့ …။

hun    "မင်း club ကို ဘာလို့သွားတာလဲ ဘာဖြစ်လာတာလဲ"

lu   "ခင်ဗျားကရော ကျနော်ရှိတဲ့နေရာဘယ်လိုသိလဲ"

hun  "မင်းအမေ သတိရလာတဲ့အကြောင်း လာပြောတာ မင်းဖုန်းက ငါ့ရုံးခန်းထဲမှာ ကျန်ခဲ့တော့ ဆက်သွယ်မရတာနဲ့ လိုက်လာတာ
ထင်တဲ့အတိုင်းပဲ "

lu တစ်ယောက်ဘာကိုမှ သတိမရ ph တစ်လုံး လုံးမေ့ခဲ့တာလည်း သတိမထားမိ...။
တစ်နေကုန် ပျော်ရွှင်မှူ့ စိတ်ညစ်မှူ့
ကြောက်ရွံ့မှူ့တွေက သူ့စိတ်မှာ တလှည့်ဆီ နေရာယူထားသည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now