8

2.6K 223 9
                                    

     " ကျွန်တော်ရဲ့ကောင်လေး"

kris ရဲ့အတွေးများကတော့ လွန်ခဲ့သောအတိတ်ဆီသို့.

22 years ago ,

kris "omma ကျနော်တို့၂ယောက်ကို ခွင့်ပြုပေးပါ "

kris ရဲ့မိခင် Galaxy group ရဲ့ သူဌေးကတော်ကြီးရှေ့မှောက်မှာ…

သူမ၏သားတော်မောင်
့Galaxy groupရဲ့အမွေဆက်ခံသူxiao krisနှင့်
သူ့ရဲ့  မြတ်နိုးရပါသော
ချစ်သူလေး kim suho
တို့ ဒူးတုတ်လျက် ထိုင်နေကြသည်။

kris "omma ခွင့်ပြုပေးပါ "

kris'ma "လုံးဝ မဖြစ်နိုင်ဘူး kris
ဘယ်နှယ် အိမ်ဖော်ရဲ့သမီးကိုမှ ကြိုက်ရတယ်လို့ ငါနင့်ကို ဘယ်လိုမွေးခဲ့ရလဲ "

kris "omma ခွင့်မပြုလို့ မရဘူး
ကျနော်နဲ့ su တို့က လွန်ခဲ့ပြီးပြီ "

Kris ရဲ့  စကားကို ကြားသည်နှင့်
xiao သူဌေး ကတော်ကြီး၏ဒေါသတို့က အထွတ်အထိပ်သို့...

kris'ma "ဘာ . . . ဘာပြောတယ်  …
မိ suho ညည်းက ထမင်းကျွေးတဲ့လက်ကို
ပြန်ကိုက်တယ်ပေါ့ ဟုတ်လား ရုပ်ကလေးက သနားကမားနဲ့ ငါ့သားကိုမြူ
ဆွယ်တယ်"

". . . ဖြန်း . . ."

ပြောပြောဆိုဆိုပင် ရောက်လာတဲ့ လက်ဝါးတစ်ဖတ်က Suho ရဲ့ ပါးပြင်မှာ နာကျင်မှု့နဲ့အတူ နေရာယူသွားသည်။

kris 'ma ရဲ့ အတ္တ မာန ဒေါသတွေအားလုံး
suho တစ်ယောက် ကြည်ဖြူ စွာ ခံယူခဲ့သည်။
ဒါတွေ အားလုံးဟာ Kris ကို ချစ်လွန်းလို့ပါလေ…။

suho ဟာ kris တို့ စံအိမ်ကြီး ၏
အိမ်အကူ တစ်ယောက်ရဲ့ သမီးဖြစ်လို့
အဆင့်အတန်းခွဲခြားလွန်းပြီး ဂုဏ်မက်တဲ့
kris'omma ဟာ  ဘယ်လိုမှ  သဘောမတူနိုင်ခဲ့ပါဘူး။

kris ကတော့ ရိုးသားဖြူ စင်ပြီး
လှပတဲ့ suho ကို မြတ်မြတ်နိုးနိုး ချစ်မြတ်နိုးခဲ့ပြီး…
၂ဦးစလုံးရဲ့ ရင်ခုန်သံတွေကလည်း တစ်ထပ်တည်းကျ တူညီနေခဲ့သည်။

ထိုအချိန်တွေက ၂ ဦးသားရဲ့ဘဝမှာ
အစားထိုး မရတဲ့ အမှတ်တရများစွာရှိခဲ့ကြတာတွေကို ပြန်တွေးရင်း…  …

" ~~~ဒေါက်~~~ဒေါက်~~~"

တံခါးခေါက်သံကြောင့် kris ရဲ့အတွေးများက ရပ်တန့်သွားပြီး
သူ့ရဲ့ အတွင်းရေးမှူးဝင်လာသည်။

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now