22

2.9K 235 9
                                    

°•° ကျွန်တော်ရဲ့ကောင်လေး •°•

Lu   seoul ကို ပြန်လာခဲ့၏။

တစ်ဖတ်မှာတော့
lu မရှိတဲ့
နေ့ရက်တိုင်းကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတဲ့ hun အတွက် lu မရှိတဲ့ ၁ ပတ်က ၁လ မက ကြာနေသယောင်ပင်။

lu အိမ်မှာ မရှိတော့ အိမ်ကို ပြန်မလာချင်ပါ။  company မှာ ရှိနေချိန်ကျတော့လည်း လစ်လပ်နေတဲ့ lu ရဲ့ ထိုင်ခုံနေရာ လေးက သူ့ကို ပို သတိရစေပြန်ပါသည်။ lu မရှိတဲ့ ၁ ပတ်အတွင်း သတိရစိတ်  ၊ တမ်းတစိတ်တို့အပြင် စိုးထိတ်မှု့တွေကလည်း  တရပ်ရိပ် တက်ခဲ့ရပါ၏။
lu ပြန်မလာတော့မှာလည်း ကြောက်မိသည်။
တကယ်လို့ ပြန်မလာဘူး ဆိုရင်လည်း အတင်းဆွဲခေါ်ထားလို့ ရမှာမဟုတ်ပါ အဲ့လို အခွင့်အရေးမျိုးလည်း သူ့မှာ ရှိမှမရှိဘဲ…။

lu မရှိတဲ့ ၁ ပတ်အတွင်း lu နဲ့ ပတ်သက်သမျှကို စုံစမ်းခဲ့သည်။
အရင်က lu ဟာ Galaxy group ရဲ့ သမီး ဆိုတာကို မတော်တဆ သိခဲ့ရပေမဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည်မှာအမှန် ။
ခုချိန်မှာတော့ lu နဲ့ ပတ်သက် သမျှ အရာ အားလုံး သိချင်သည်။ lu ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းကို သူမျှဝေခံစားချင်လို့လည်း  ဖြစ်ပါသည်။

Baek ကလည်း lu နဲ့ ပတ်သတ်ပြီး သူသိသမျှတွေကို သူ့အပေါ် ယုံယုံကြည်ကြည် ပြန်ပြောပြခဲ့သည်။
lu ဘဝအကြောင်းကို အရင်က သေချာ မသိပေမဲ့ ခု သိရတဲ့ အချိန်မှာ lu ကို အရမ်းသနားမိသည်။

အရိပ်အမြွတ်လောက်ပဲ သိရသည် ဆိုပေမဲ့ lu ရဲ့ နာကျင် ဝမ်းနည်း မှု့တွေ ဘယ်အတိုင်းအတာ ထိ ရှိမယ်ဆိုတာ ခံစားမိပါ၏။ ဖြစ်နိုင်ရင် lu ရဲ့ နာကျင်ခဲ့ ဝမ်းနည်းခဲ့ ရတဲ့ အချိန်တွေ ၊
နှလုံးသား ဒဏ်ရာတွေကို သူ့ ရဲ့ အချစ်တွေနဲ့ အစားထိုး ကုသပေးချင်မိသည်။
အနည်းငယ်ပဲ သက်သာ သက်သာ lu ရဲ့ နာကျင် ဝမ်းနည်းမှု့တွေကို ပြေလျော့ သွားစေချင်သည်။

မိန်းခလေး တစ်ယောက်ဖြစ်ပေမယ့် စိတ်ဓာတ် အရမ်းကြံ့ခိုင်တဲ့ Lu ကို မလေးစားဘဲ မနေနိုင်ခဲ့ပါ။
ခုချိန်မှာ lu ကို ချစ်တယ် ဆိုတာထက် သနားတာပါ ပိုတိုးလာသည်။

ဆုံးဖြတ်လိုက်ပါပြီ။
lu ပြန်လာခဲ့ရင်  lu ကို သေသေချာချာ ဖွင့်ဟ ဝန်ခံမည်။ သူ့ရင်ထဲက အချစ်တွေကို အရိုးသားဆုံး ဝန်ခံတော့မည်။ ဒါပေမဲ့လည်း lu  လက်မခံမှာ ကြောက်မိပြန်သေးသည်။
ထိုထက် Lu  မုန်းသွားမှာကိုသာ အစိုးရိမ်ဆုံး ဖြစ်နေသည်။
lu သာ သူ့ရဲ့အချစ်တွေကို ငြင်းပယ်လိုက်ရင် ခံနိုင်ရည် ရှိပါ့မလား …
မသိပါ။
ဒါပေမဲ့လည်း ရှေ့ဆက်တိုးမည်။သူကိုယ်တိုင်က စူးစူးနစ်နစ် ချစ်မိနေမှတော့ …

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now