" ကျွန်တော်ရဲ့ကောင်လေး "၂ ယောက်အိပ် ကုတင် ကျယ်ကြီး မှာ
Lu တစ်ယောက်တည်းဖြစ်နေကာ. . .
အိစက် နေသည့် မွေ့ယာခင်းပေါ် ဟို လှည့် ဒီလှည့် နှင့် အတွေးတွေလည်း များနေရသည်။ဘယ်လိုပင် ကြိုးစားမှေးစက်ပေမယ့် အိပ်၍ မပျော်ပေ…။
ဂျယ်ဂျူ မှာလည်း အပေါ်ထပ် အောက်ထပ် ခြားကာ ၂ ဦးသား ခွဲခြားအိပ်စက်ခဲ့ကြသေးသည်။
ဒါပေမယ့် … ခရီး ထွက်သည်မို့ Lu စိတ်ထဲ တစ်သီးတခြား ဖြစ်နေတယ်ရယ် လို့ မတွေးမိခဲ့တာ အမှန်…။
တစ်ခြားသော စီးပွားရေး ကိစ္စရပ်များကြောင့် ခရီး ထွက်ရသည့် အခါလည်း Lu တစ်ယောက်တည်း အိပ်စက်ရသည်မဟုတ်လားလေ …။
အိမ်မှာ ဆိုလျှင်တော့ …
ဘယ်နှခါပဲ စကားများများ …
ကျောခိုင်းကာ ထားသည်မှတစ်ပါး
အိပ်ယာ ခွဲမအိပ်ခဲ့ဖူးပါ ။ယခုမှ မခွဲစဖူး ခွဲရခြင်း…။
၂ ရက် စလုံးလည်း Lu မှာ အိပ်ဆေး အကူနှင့်သာ မှေးစက်ဖို့ ကြိုးစားခဲ့ရသည်။
ယခင်က Company အလုပ်တွေကြောင့် အိပ်မပျော်လျှင်တောင် …
Sehun က နွေးထွေးသည့် သူ့ရင်ခွင်ထဲ Lu ကို ဆွဲသိပ် ခိုလှုံစေသည်မို့ …
Lu ရဲ့ နိုးထခြင်းတွေတိုင်းမှာ အားအင်တွေ ပြည့်နေတက်တာမျိုး…၊အိပ်စက်ခြင်းတွေမှာ နူးညံ့စွာပျော်ဝင်သွားတက်သလိုမျိုး . …။
အိပ်မပျော်သည့် အဆုံးမှာတော့ …
အိပ်ဆေး သောက်ရန်သာ ထလိုက်သည်။ကရားထဲက ရေက အဆင်သင့်မဖြစ်ပဲ ကုန်နေပြန်တာမို့ မီးဖိုခန်းဘက်သို့
စိတ်မပါ လက်မပါ ထွက်လာရသည်။မီးရောင်မှိန်မှိန် ဖြာနေသည့် ထမင်းစားခန်းမှာ …
ပုလင်း တစ်ချို့ နှင့် ရှုပ်ပွ နေသည့် စားပွဲခုံကို မြင်တော့
Lu သက်မောလေး တစ်ချက်ချကာ ရှင်းလင်းလိုက်ရပြန်သည်။Lu'pov: Hun သောက်ထားပြန်ပြီ … အခုရော အိပ်ပျော်နေပြီလား မသိ:
မခေါ် မပြောဘဲ နေနိုင်သည်ဆိုဦးတော့
စိတ်မပူပဲ မနေနိုင်သည်မို့
Sehun ခွဲ အိပ်သည့် သီးသန့် အခန်းထဲ မဝံ့မရဲလေး ဖွင့်ကာ တစ်ချက် လှမ်းကြည့်လိုက်သည်။
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
FanfictionHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...