16

2.7K 212 25
                                    

" ကျွန်တော်ရဲ့ကောင်လေး "

part 16

flash back start ...

sehun တစ်ယောက် သူ့အနားမှာ ရှိနေတဲ့ မိန်းခလေးတွေ နဲ့ ဝတ္တရားအရ စကားပြောနေရပေမယ့် စိတ်​က​တော့ မပါလှ။
ရှောင်လွှဲလို့မရတဲ့အတွက်ကြောင့် သည်းခံနေရခြင်းသာ။

lu အခမ်းအနားထဲ ရောက်လာချိန်မှာ sehun မမြင်ပေမယ့် .
lu ထွက်သွားချိန်မှာ​တော့
lu ရဲ့ ကျောပြင်လေးကို ကြည့်ပြီး,. .
'​ကောင်​​လေး ' ​ရောက်​လာပြီမှန်း သိလိုက်​သည်​။

sehunတစ်ယောက် သူ့စိတ်အထင်နဲ့ မိန်းခလေးတွေဝိုင်းအုံနေတဲ့ကြားက အတင်းထွက်လာပြီး luhan  နောက်ကို လိုက်လာခဲ့သည် ။

lu ရေကန်နားလေးမှာ ရေဆော့နေတာတွေ့တော့ သွားနှုတ်ဆက်ဖို့ ဟန်ပြင်လိုက်ပေမယ့် . .

lu အနားကို monstar club ပိုင်ရှင် ရောက်လာတာတွေ့ပြီး သူ့ခြေလှမ်းတွေ ရပ်သွားခဲ့သည် ။

ထိုသူက ​ကောင်​​လေး အနားကို ဘာ​ကြောင့်​ ဦးတည်​သွား​နေသလဲမသိပါ။

Sehun  သူတို့ ၂ ​ယောက်​ အနားကို
နီးနိုင်သမျှ နီးအောင် သွားလိုက်ပြီး မမြင်နိုင်လောက်တဲ့ ထောင့် တစ်နေရာမှာ ရပ်နားထောင်နေလိုက်သည်။

စကားတွေ အားလုံးကြားသွားတဲ့ အချိန်မှာတော့
sehun သူ့နားသူ မယုံနိုင်အောင်ပင်
ဖြစ်သွားသည်။

'Luhan ကို ​ကောင်​မ​လေး လို့စွပ်​စွဲလိုက်​သံ သည်​ သူ့နားထဲကို ရှင်းလင်းပြတ်​သားစွာ ဝင်​လာခဲ့၏ '

lu ကို ရေကန်ထဲ ပြုတ်ကျသွားချိန်မှာ
sehun အပြေးသွားကူညီချင်ပေမယ့်
ဘာဆက်ဖြစ်မလဲဆိုတဲ့ သိချင်စိတ်က သူ့ခြေလှမ်းတွေကို ရပ်တန့်သွားစေပြန်ပာသည် ။

ရေကန်ထဲက ပြန်တက်လာချိန် lu ရဲ့ ပုံစံကို ကြည့်ပြီး လုံးဝ  မှင်သက်သွားရသည် ။
ဘာမှမပြောနိုင်အောင်ပင် ဆွံ့အ သွားရပြန်သည် ။

ထိုအချိန်​မှာပဲ အနားကို ရောက်လာတဲ့ juju ကြောင့် hun. lu တို့ဘက်​ကိုကြည့်​​နေရာမှ ချက်​ချင်းပဲ မျက်​နှာလွှဲလိုက်​သည်​. .

juju.    " CEO shi အခမ်းအနား စနေပြီ ခုသွားရပါမယ် "

hun က ရေကန်ဘက်ကို ပြန်လှည့်ကြည့်ချိန်မှာ
baek က lu ကို တွဲခေါ်ပြီး ထွက်သွားပြီဖြစ်​၏

ကျွန်တော်ရဲ့ကောင်လေး [Completed]Where stories live. Discover now