part3

1.3K 125 4
                                    

သူဘာလို့ A ခန်း မရတာလဲ?

ကျွန်တော်တွေးနေဆဲမှာပဲ ကျောင်းတက်ခေါင်းလောင်းဘဲလ် မြည်လာလေပြီ။

အခန်းထဲ ကျောင်းသား ကျောင်းသူများ တဝုန်းဝုန်း ပြေးဝင်လာကာ Chanyeol ကို နှုတ်ဆက်နေကြလေရဲ့....။

'သူအဲ့လောက်တောင်နာမည် ကြီးတာလား?'

"ငေးမနေနဲ့ Kyung soo မင်းသိလား?
park Chanyeol က ဒီကျောင်း ဥက္ကဌ ရဲ့သားတစ်ယောက်ဆိုတာ....."

ကျွန်တေါ့နံဘေးတွင် ဖြတ်သွားသော ကျောင်းသားတစ်ယောက်က ပြောပြလေသည်။

ကျနော်ရဲ့ စိတ်ဝင်စားနေမှုကဘေးလူကိုပင် ရိပ်စားမိသည်ထင်၏။

ကျောင်းဥက္ကဌရဲ့ သားတယောက်။

ကျတော် ကြုံဖူးသော သူနှင့်မတူ မောက်မာ၍မာန်မာနထောင်လွှားနေခြင်းမျိုးမဟုတ်ပေ။

ဖော်ရွေသည်....။

ပြန်လည်နှုတ်ဆက်၏။

ပြုံးပြနေ၏။

Chanyeol နဲ့ Baek hyun တို့ရဲ့ ခင်မင်မှုသည် ကြာရှည်နေပီထင်။

Baek hyun ကို လက်ပြနှုတ်ဆက်ကာ သူထွက်သွားလေပြီ။

ကျွန်တော် ငေးမောနေ၍သာ။

ကျောင်းအသစ်.....

ထိုကျောင်းရှိကျောင်းသားအားလုံးကျွန်တော့်အတွက်တော့ အသစ်အဆန်းတွေချည်းပါပဲ။

ညနေ ကျောင်းဆင်းချိန် ကျွန်တော် ကျောင်းအားကစားကွင်းကို ဖြတ်ကျော်လာကာ မမြင်ဖူးသေးသော အသစ်သစ်သော အဆောက်အအုံတို့ကို ငေးကြည့်ရင်း ကျွန်တော့်ခြေလှမ်းတွေ လေးလံနေခဲ့သည်။

အိမ်ပြန်ရမှာ ကို ကျွန်တော် ကြောက်ရွံ့ နေခဲ့သည်လား။

မဟုတ်ဘူး။

ကျွန်တော် ရင်ဆိုင်ရမှာကို ကြောက်နေတာ။

သူ့ကို ရင်ဆိုင်ရမှာကို.......။

"Sara အဒေါ်တောင်းပန်ပါတယ် ကွယ် အလုပ်မထုတ်လိုက်ပါနဲ့နော်"

"မရဘူး မနက်ဖန် အလုပ်ကို လာစရာမလိုတော့ဘူးအဒေါ်
ရော့ ဒီမှာ ပိုက်ဆံ တွေယူပြီး ထွက်သွား!!!"

A Place For Me (complete) : Z&UWhere stories live. Discover now