Part 11

828 77 9
                                    

🌙ကောင်းကင်မှာလခြမ်းကလေးကသာနေသည်။

ကြယ်ကလေးများကမှိတ်တုပ်မှိတ်တုပ်🌟

လခြမ်းလေးနှင့် ကြယ် လိုက်ဖက်လွန်းပါ၏။🎑

စာကြည့်စားပွဲပေါ်ခေါင်းတင်ကာအိပ်ပျော်နေသော Baekhyun ကို
စောင်ပါးလေးခြုံကာ ~

အိပ်နေကျနေရာမှာထိုင်ကာ ထိုကောင်လေးနှစ်ယောက်ကို ငေးကြည့်နေမိသည်။

"ဂျောင်းဆူး မင်းအမြန်ဆုံးနိုးထလာပါတော့ သူ့ကို မင်းအားနာသင့်နေပြီးမဟုတ်လား''

အခန်းမီးမှိန်မှိန်ရောင်အောက် အိပ်ပျော်နေတာ ထိုကောင်လေးနှစ်ယောက်ရဲ့မြင်ကွင်းတို့သည် ဖြူစင်သောချစ်ခြင်းတရားတို့ကို ဖော်ကျူးလို့နေသည်။

လက်ချောင်း လေးတွေလှုပ်ခတ်သွားမှု~

မည်သူမျှ သတိမထားမိ။

တိတ်ဆိတ်နေသည့် ညအမှောင်ကြောင့်လား.....။

အမှောင်ရိပ်ကဲနေသော တောအုပ်တစ်နေရာ.... ကျတော်
ဘယ်ရောက်နေတာလဲ ?

လမ်းပျောက်နေတာပါ...

ရင်းနှီးနေသောကျောပြင်နှစ်ခု~

Omma appa ဘယ်သွားမှာလဲ?

ကျတော်ကိုမထားခဲ့ပါနဲ့ ကျတော်လည်းလိုက်မယ်လေ....

မလာနဲ့ သွား !သွား!

ဒီနေရာက မင်းလာသင့်တဲ့နေရာမဟုတ်ဘူး သွား!!

Omma arppa ကလေးလေး
တစ်ယောက်လို ငိုယိုကာ

ကျတော်ပြေးလိုက်နေမိသည်။

သို့သော် omma နဲ့ arpa ကရပ်နေမြဲ ကျတော်သာပြေးနေတာ~

နောက်.....

အငွေ့ပြန်ပျောက်ကွယ်သွားသော မားနဲ့ပါ့။

ဘယ်ရောက်သွားတာလဲ? အိုမား အာပါ့ ကျတော့်ကို မထားခဲ့ပါနဲ့....

မထားခဲ့ပါနဲ့....

တီး တီး တီး

ကျယ်လောင် စွာထပ်ပြီးထွက်ပေါ်လာသော နှလုံးခုန်သံ~

ကျတော်လန့်နိးကာ ဂျောင်ဆူး ကို အပြေးသွားကြည့်မိသည်။

ဦးလေးကြီးက ကပျာကယာ  ဆရာဝန်ဆီပြေးလေသည်။

A Place For Me (complete) : Z&UWhere stories live. Discover now