Part 15

699 55 0
                                    

ရင်ခွင်လေးထဲမှာပွေ့ဖက်ကာ သူ့oppa ကိုနားလည်ပေးဖို့ ပြောရတော့သည်။

ဂျောင်ဆူး လေးက အနေအေးသူလေးပါ။ အခုလိုသူတစ်ခါမှမပြုမူခဲ့ဘူး။ သူ့မှာ စိတ်ဒဏ်ရာမရစေဖို့ပဲ ဆုတောင်းနေမိသည်။
.
.
.

ဈာပန အခမ်းအနား ကိုလာရောက်ပေးကြတဲ့ ဂျောင်ဆူး အဖေ အမေ သူငယ်ချင်း မိတ်ဆွေများက ကြေကွဲစွာနဲ့ပင် ငိုကြွေးကြသည်။ ဂျောင်ဆူး ရဲ့Oman က စိတ်သဘောထား ပြည့်ဝသည်တဲ့။ အားလုံးက စိတ်သဘောထား ပြည့်ဝသူမို့ချစ်ခင်ကြသည်တဲ့။
ဂျောင်ဆူး arrpaကလည်း လုပ်ငန်းမှာရိုးသားကြိုးစားသူတဲ့လေ။

သူကဂျောင်ဆူးကို လိမ္မာ သူဖြစ်ကြောင်းအမြဲတမ်းကြွားနေကြတဲ့။

ဒီကနေ့ ကြေကွဲဝမ်းနည်းမှုတွေဖြေဖျောက်ကာ အသစ်ကနေ ပြန်စကြရအောင် ဂျောင်ဆူး။

မင်းရဲ့ စိတ်ဒဏ်ရာကို မမြင်နိုင်ပေမယ့် အတော်ကြီးမားနေတာကိုတော့ရိပ်စားမိတယ်။

"ဘတ်ဟွန်း! "

ချန်ယောလ် ရဲ့ ခေါ်သံ ကြောင့်လန့်ဖျန့်သွားရသည်။

"ဘာလဲကွာ လန့်သွားတာပဲ ''

"ဘာတွေအဲလောက်တောင်စဉ်းစားနေတာလဲ''

မျက်မှောင်ကြုတ်ကာ ကြည့်ပြီးမေးလာသောကြောင့်

"ဂျောင်ဆူး! "

"ဂျောင်ဆူး! အင် ဂျောင်ဆူးကသနားဖို့ကောင်းတယ် ငါသာသူ့နေရာမှာဆို အသက်တောင်ဆက်ရှင်နိုင်ပါ့မလား?''

"Ya! ဘတ်ချန်ယောလ်။ မင်းဘာတွေလျှောက်ပြောနေတာလဲ?

အသက်ဆက်ရှင်ရမှာပေါ့ မင်းဘဝကိုဖန်တီးပေးထားတဲ့ အဖေနဲ့အမေ့အတွက်ဆက်ဆက်ကို အသက်ဆက်ရှင်ရမှာ။''

"ရား bravo! ! ဘတ်ဟွန်း မင်းစကားတွေတက်လာတာပဲ''

"ရာ့ စကားတက်လို့ပဲ အတန်းခေါင်းဆောင်ဖြစ်နေတာပေါ့ မင်းမသိဘူးလား??''

A Place For Me (complete) : Z&UWhere stories live. Discover now