Part 22

614 59 0
                                    

"ဘာပြောတယ် kyung soo ကျောင်းဆက်မတတ်တော့ဘူး ဟုတ်လား"

"Nae!"

"ဘာလို့လဲ ဘာဖြစ်လို့လဲ"

ဦးလေးကို ဘယ်လိုပြောပြရမလဲ?
မားနဲ့ ပါး က ဘယ်သူ့ကြောင့် !
အား....လိမ့်ဆင်းလာသော မျက်ရည်စက်တွေကို ညာဘက်လက်ခုံနဲ့ ကြမ်းကြမ်းဖယ်ထုတ်ကာ။

"ကျတော် ...."

"ပြောလေ မင်းတစ်ခုခုဖြစ်လာတာသေချာတယ်။"

"ကျတော်...သိ ခဲ့ တယ်
မားနဲ့ ပါးကို သတ်တဲ့ တရားခံကို
ကျတော်သိခဲ့တယ်။"

"ဘာ....."

"ဒါ ဒါ ဆို ....ငါတို့ တရားမျှတမှုရတော့မှာပေါ့
ပြောပါဦး ဘယ်သူလဲ
မင်းသိခဲ့လား?"

"......"

နှုတ်ဆိတ်နေသော Kyung soo!
ဘာလို့ နှုတ်ဆိတ်နေရတာလဲ?
တရားခံက အသိထဲကများလား?
အသိထဲကဆို ဘယ်သူလဲ?
အာ ...ရူးချင်လာပြီ

"ချန်ယောလ် Arppa!
ပြီးတော့ အမျိုးသမီးတစ်ယောက်။"

"ဟမ်~''

ပါးစပ်အဟောင်းသားနဲ့ ပင် ကျတော် kyung soo ကို ကြောင်ငေးနေမိသည်။

ဘယ်လိုလုပ်မလဲ?
Park ဥက္ကဌကြီးက ....မဖြစ်နိုင်တာ။

"မင်း သေချာလို့လား?''

ခေါင်းလေးအသာငြိမ်ကာ~
''CCTV မှာ တွေ့ခဲ့တယ်
ရဲစခန်းက လည်း စွဲချက်တင်ဖို့ ပြောတယ်။"

"ကျတော် ဘာဆက်လုပ်ရမလဲ ဟင်
ဦးလေး
ဘာဆက်လုပ်ရမလဲ?"

"မင်းဘာလုပ်ချင်လဲ
ဦးလေး ပံ့ပိုးပေးပါ့မယ်"

"ကျတော် နာကျင်ခံစားရသလို
သူတို့ကို နာကျင်စေချင်တယ်

ကျတော်ငိုကြွေးနေရသလို
သူတို့ကိုလည်း ငိုကြွေးနေစေချင်တယ်

ဒါပေမယ့် ဗျာ~

အဲဒီ့နာကျင်မှုတွေ သူတို့ ခံနိုင်ရည်ရှိပါ့မလားဟင်~

ဦးလေး"

တလိမ့်လိမ့်စီးကျလာသော မျက်ဝန်းဝိုင်းဝိုင်းထဲမှ မျက်ရည်စက်တွေ။
အမှန်တရားရဲ့ ရိုက်ခတ်မှုကြောင့် နာကျင်ခံစားနေရသော ကောင်လေး။

A Place For Me (complete) : Z&UWhere stories live. Discover now