Part 17

635 52 0
                                    

မနက်ကျောင်းကို စောရောက်နေခြင်းက ဂျောင်ဆူး နဲ့ ပတ်သက် ပြီးသတင်းကောင်းပြောစရာရှိလို့။

ဘတ်ဟွန်း သိရင် ဝမ်းသာသွားလိမ့်မယ်ထင်။
.
.

"Omma!!! သွားပြီး!!!''

အိမ်နောက်ဖေး မီးဖိုချောင်ထဲတွင် မနက်စာပြင်ဆင်နေသော Omma ကို အော်ပြောရင်း ဖိနပ်ကို အသေအချာစီးကာ ခပ်မြန်မြန်ပြေးထွက်လာခဲ့သည်။

"မနက်စာ စား!!.....

ဒီကောင်လေး တော့ မနက်စာမစားပဲ ထွက်သွား ပြန်ပြီ။ ''

တတွတ်တွတ်ရွက်နေသံတွေကို ဘတ်ဟွန်း ကြားလိမ့်မည်မဟုတ်။
.
.
ကားမှတ်တိုင်မှာ မတ်တပ်ရပ်ကာ ကားစောင့်နေတုန်း......

Kyung soo ကို မြင်လိုက်ရသည်။

ကျောင်းအင်္ကျီကို ဝတ်ဆင်မထားပဲ....။

မနေ့က ဝတ်ထားသည့် ရှပ်အင်္ကျီ အပြာနုရောင်နှင့် ဂျင်းဘောင်းဘီ အတိုဖြင့်ပင်။

လက်တွင် အထုပ်တစ်ခုကို ကိုင်ကာ စိတ်လွတ်ကိုယ်လွတ် လျောက်လှမ်းနေသော ခြေလှမ်းတိုင်းကို အားမရ.......ဖြစ်မိသည်။

"Ya!!! Kyung soo ရ။''

အပြေးလေးသူ့ဆီ ပြုံးပျော်ကာ ပြေးလာသော ဘတ်ဟွန်း ။

"အော်! ဘတ်ဟွန်း။ ကျောင်းသွားတော့မလို့လား။''

"အင်း! မင်း! ကျောင်း မသွားဘူးလား။''

"အော်! အင် ငါဒီနေ့ ခွင့်ထပ်တိုင်ထားတယ်။ ဆရာမပြောတယ် အေးဆေးအနားယူပြီးမှ လာလည်းရတယ်တဲ့။''

"အာ! အဲ့လိုလား။
အင်းလေ မင်းအေးဆေးနားလိုက်ပါဦး။ Fighting! !Wuri chingu!

ကားလာပြီ....ငါသွားပြီးနော် ဘိုင့်!"

Busကားကို အမှီပြေးကာ လိုက်သွားသော ဘတ်ဟွန်း ကို ငေးကားရပ်ကြည့်နေမိသည်။

သူ ကားရဲ့ နောက်ဆုံးခုံသို့ ခပ်သုံ့သုံ့ပြေးကာ နေရာယူထိုင်ချလိုက်သည်။
.
.

ထိုနေ့က ဘတ်ဟွန်း ပြောခဲ့သော နေရာများကို သတိရကာ စိတ်ပြေလက်ပျောက် သွားချင်မိသည်။

ဆိုးလ်ကို စရောက်တည်းက ကျတော် ကောင်းကောင်း မလည်ပတ်ဖြစ်သေး။

A Place For Me (complete) : Z&UWhere stories live. Discover now