Part 16

620 52 0
                                    

အခန်းတံခါးကို တကြည့်ကြည့်နဲ့ Baekhyun oppa! စိတ်ရှုပ်နေပြီလား မသိပါဘူး။

ဂျောင်ဆူး oppa ကလည်း အခုချိန် ထိထွက်မလာ။

နေ့လည် ၁၁ နာရီတောင်ခွဲနေပြီမို့ နေ့လည်စာ ပြင်ဆင်ရတော့မည်။

"oppa! ညီမလေး နေ့လည်စာ ပြင်ဆင်လိုက်မယ်နော်။''

"အင်း Oppa လည်းဝိုင်းကူလုပ်ပေးမယ်။''

"Nae!''

ထမင်းပေါင်းအိုး ထဲက ထမင်းကို ပန်းကန်လုံး လေးထဲ ထည့်နေရင်း စိတ်က ထိုတံခါးချပ်တွေဆီမှာ။

ကိုယ့်ဗိုက်ကတဂွီဂွီမြည်နေလေပြီ။

ဂျောင်ဆူး ကော။

ဘယ်လိုနေမည်လဲဆိုတာ တွေးပူမိနေတုန်း။

အခုချိန်ထိ အခန်းထဲက ထွက်မလာပုံထောက်ရင်တော့ သူ တစ်ကိုယ်တည်း ကြိတ်မှိတ်ကာ ငိုကြွေးနေမည်လား။

လောကကြီးမှာ သူရှင်သန်နေထိုင်ဖို့အတွက် အခက်တွေ့နေမည်လား။

မိဘတွေဆုံးရှုံသွားရတဲ့ သူ့ရဲ့ ဘဝ ဟာ မရေရာမသေချာသော ကံကြမ္မာ ကို သူတွေးတောနေမည်လား?

ကိုယ့်စိတ်နဲ့နှိုင်းကာတွေးကြည့်မိတော့ တကယ်ပင်ပန်းရပါသည်။

ကာယံကံရှင်ဖြစ်တဲ့ ဂျောင်ဆူးရဲ့ စိတ်ထဲ ပို၍ပင်ပန်းမှာကို ကျနော်မှတ်ချချနေမိသည်။
.
.
တံခါးရဲ့ တစ်ဖက်မှာတော့......

ဂျောင်ဆူး မိသားစုဓာတ်ပုံကို ငေးကာအချိန်တွေအကြာကြီးကြည့်နေသည်။

နာကျင်နေသော စိတ်ဒဏ်ရာကို သူ..... ဖြေသိမ့်ဖို့အတွက် တစ်စုံတစ်ခု ကိုတွေးနေကောင်းတွေနေပါလိမ့်မည်။

ရှေ့ဆက်ဖို့ အတွက် အားအင်တွေစုဆောင်းကာနေထိုင်ဖို့လား။

ဒါမှမဟုတ်.....

သူရဲ့အချိန်တွေကို ရပ်တန့်ပစ်လိုက်ရမလား။

ပူပန်မှုတွေရောယှက်နေတဲ့ စိတ္တဇ အတွေးတွေကို ဆက်မတွေးချင်တော့..... ......

အခန်းထဲ အောင်းနေ နေတာ နာရီပေါင်းများစွာကြာနေခဲ့ပြီဆိုတာ သတိထားနေမိပေမယ့်.....

A Place For Me (complete) : Z&UWhere stories live. Discover now