Part 19

678 55 5
                                    

"Unnie ရေ ~ ကျမရောက်ပြီ"

"အို.....ဟွာယောင်း ရ ......
မျှော်နေတာ....
လာ အမြန် ဝင်လာခဲ့"

အထုပ်အပိုးများနှင့်သူမကို တွဲခေါ်ကာကြိုဆိုရင်း...

"ဒါနဲ့ ဟွာယောင်း က ဘယ်အခန်းမှာနေချင်လဲ အပေါ်ထပ်က အခန်းမှာနေမှာလား ?

ဒါမှ မဟုတ် အောက်ထပ်က အခန်းမှာနေမလား ? ကြိုက်တဲ့ အခန်းမှာနေလို့ရတယ်နော်"

"Unnie ကလည်း
ဟွာယောင်းက ရပါတယ်
ဘယ်အခန်းဖြစ်ဖြစ်ကိစ္စမရှိပါဘူး၊
အိမ်ရှင်ဖြစ်တဲ့ unnie ကကြိုက်သလို စီမံပါနော်"

"ညီမ စိတ်ကြိုက် နေပါ၊ အားမနာနဲ့

ကိုယ့်အတွက်သက်သောက်သက်သာဖြစ်စေတဲ့ နေရာကို ရွေးမှပေါ့ ကျန်းမာရေးအတွက်"

"အမယ်....ဂရုစိုက်တတ်လိုက်တာနော်....

ဒါ့ကြောင့် Oppa က အမကိုကြွေနေတာကိုး"

နောက်ကျောကနေ သိုင်းဖက်လာသော ဟွာယောင်းရဲ့ လက်များကို ဆုပ်ကိုင်ရင်း....

"ဒီကောင်မလေးတော့နော် unnieကို! မစရရင်ကို မနေနိုင်ဘူး မဟုတ်လား "

"ဟုတ်တယ်!

မတွေ့တာကြာလို့ သတိရနေတာ unnieကို"

ပိုမိုတင်းကြပ်စွာသိုင်းဖက်ထားသော ဟွာယောင်းကို ဂရုဏာသက်မိသည်။

အခုထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းနေနေတာ အထီးကျန်ဆန်လွန်းနေသော သူမဘဝ။

မိသားစု ကလည်းမရှိတော့ သူမအတွက် မှီခိုစရာ ပခုံးက ဘယ်မလဲ?

သနားစရာ ဟွာယောင်းလေး။

"ပြန်ရောက်ပါပြီ''

"ဟင် သားလေး ''

"Omma..... အွန် ဟွာယောင်း ajumonim!

မင်္ဂလာပါ ~''

"မင်္ဂလာပါ ကွယ်.....
သား arpa! နဲ့အတူတူပြန်မလာဘူးလား''

"ဟုတ် Arppa က ကျောင်းကိစ္စရှိနေသေးလို့ နောက်ကျ မယ်တဲ့''

"Arrr...''

"Omma ကျနော်သွားနားတော့မယ်''

"အင်း နားပြီးဆင်းလာခဲ့နော်
သားကြိုက်တဲ့ ဟင်းတွေချက်ထားတယ်''

A Place For Me (complete) : Z&UWhere stories live. Discover now