Part 9

953 94 12
                                    

ညဥ့်နက်နေပြီမို့ မြို့ပြက တိတ်ဆိတ် လွန်းလှသည်.....။

စာကြည့်စားပွဲကနေ အပြင်ဘက်ကို လှမ်းကာကြည့်တော့တစ်ဖက်တိုက်ခန်းတွေမှ မီးရောင်မှိန်မှိန်လေးတွေ ကိုမြင်နေရသည်။

ဒီနေ့ပါဆိုရင် ဂျောင်ဆူးသတိမရတာ ၂ပတ်ခန့်ရှိသွားလေပြီ.....။

ထို၂ပတ်အတွင်းမှာ ဆေးရုံကို မရောက်ဖြစ်ခဲ့........။

လပတ်စာမေးပွဲသည် တဘက်ခါ ဆို စလေမည်။

ကျွန်တော် စာထဲစိတ်နှစ်၍မရ။

စိတ်တွေလေးနေမိသည်။

တကယ်ဆို သူငယ်ချင်းတစ်ယောက်အနေနှင့် ဂျောင်ဆူး အနားတွင်ရှိနေသင့်သည် မဟုတ်လား။

(လွန်ခဲ့သော ၂ရက်က.....

"Baek hyun မင်းဒီကိုဘာလာလုပ်တာလဲ?

စာမေးပွဲ နီးနေပြီးမလား?

အိမ်မှာစာသွားလုပ်!

ဂျောင်ဆူး ကို ဦးလေး စောင့်ကြည့်နေတာပဲ!

မစိုးရိမ်နဲ့!''

"😢😢ဒီရက်ပိုင်း ဂျောင်ဆူး အခြေအနေလေး သိချင်လို့ပါ ဦးလေး"

"မထူးခြားပါဘူး baek hyun
ဂျောင်ဆူး ရဲ့ အခြေအနေက ဆရာဝန်ပြောသလို လက်မခံချင်ပေမယ့်"

"ဦးလေး ကျွန်တော် ယုံကြည်တယ်

ဂျောင်ဆူး အမြန်ဆုံးပြန်ကောင်းလာလိမ့်မယ် လို့.....

ကျွန်တော်ယုံကြည်တယ်...."

"ဂျောင်ဆူး မှာ မင်းလိုသူငယ်ချင်းမျိုးရှိတာ ဦးလေးဝမ်းသာဂုဏ်ယူမိပါတယ်....

မင်းယုံကြည်မျှော်လင့်နေတဲ့ အတိုင်းအမြန်ဆုံးဖြစ်လာမှာပါ''

ကျွန်တော်ပခုံးတွေကို ဆုပ်ကိုင်ကာနှစ်သိမ့်ပေးနေသော ဂျောင်ဆူး ဦးလေး>>>

ဦးလေးရဲ့မျက်နှာတို့သညစိတ်ပင်ပန်းနေမှုများ ကြောင့် နွမ်းလျကာချောင်ချနေလေသည်။

နှုတ်ခမ်းမွှေးများလည်းမျက်နှာနှင့်မလိုက်ဖက်အောင်ရှိနေသည်။

"ဂျောင်ဆူး ကြားတယ်မလား မင်းသူငယ်ချင်း Baek hyun shiက
မင်းကို သိပ်ဂရုစိုက်တယ်

A Place For Me (complete) : Z&UWhere stories live. Discover now