Part 12

797 74 3
                                    

ကျတော်နှင့် သူမကြောင့် မိဘ တွေဆုံးရှးုံသွားတဲ့ထိုကောင်လေးကို တွေ့ချင်ဇောဖြင့် လူနာခန်း ၃၀၁သို့....

အပြစ်ကင်းလှသောမျက်နှာလေးက ကျတော့်ရဲ့စိတ်ကို ပိုမိုကာ နာကျင်စေသည်။

"Miyanal တောင်းပန်ပါတယ်။

ဘယ်လိုမှ အစားပြန်မရနိုင်တဲ့ မင်းရဲ့ မိဘတွေအတွက် ....

တောင်း ပန်ပါတယ်...''

ကြေကွဲဆို့နစ်စွာဖြင့်ပြောဆိုနေသံတွေကတော့ တိုးညှင်းစွာနှင့်ပင်။

"ဘယ်သူလဲ''

သြရှရှအသံကြောင့် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

"အာ ကျနော် အခန်းမှားဝင်လာတာ

တောင်းပန်ပါတယ်'' ဆို၍
လျင်အမြန် ထွက်လာခဲ့သည်။

ထူးဆန်းသည်။ အခန်းမှားဝင်တယ်ဆိုပြီး ဘာလို့ ရှာနေတဲ့အခန်းကိုမမေးပါလိမ့်။

ခုတင်ပေါ်တွင်အေးချမ်းစွာဖြင့်အိပ်ပျော်နေသော ဂျောင်ဆူး။

ဆန်ပြုန်ပူပူကို ပန်းကန်လုံး ထဲထည့်ကာ ခုတင်ဘေးက စာပွဲလေးပေါ် ခဏတင်ကာ ဂျောင်ဆူး ကိုနှိုးရတော့သည်။

ဂျောင်ဆူး အစားမစားရတာကြာပြီမို့စိတ်ပူမိသည်။

"ဂျောင်ဆူး ဂျောင်ဆူး ထ ထ ''

"ဟင် ဦးလေး''

"အင်း ဆန်ပြုတ် သောက်ရအောင် ဦးလေးယူလာခဲ့တာ ပူတုန်းသောက် ''

ဆန်ပြုတ်ရဲ့မွှေးရနံ့က နှာခေါင်းထဲစူးကနဲ့ပဲ။

အနံလေးကို နှစ်သက်မိသည်။

"စားလို့ကောင်းမယ့်ပုံပဲနော်
ဦးလေး''

"အင် ကောင်းတယ် စားကြည့် ''

ပြောသာပြောနေရတာ စိတ်ထဲမသက်သာပေ။ ဂျောင်ဆူး သူ့မိဘအကြောင်းမေးမြန်းခဲ့လျှင်ဘယ်လိုဖြေရမလဲ?ဘယ်ကစပြီးပြောပြရမလဲ?

တွေးကာတွေးကာ စိတ်တွေလေးလံနေမိသည်။

ပြတင်းပေါက်ကနေ ဖြာကျလာသောနေရောင်ခြည်တို့သည် ကျနော့်စိတ်ကိုနွေးထွေးနေစေသည်။

A Place For Me (complete) : Z&UWhere stories live. Discover now