Part 26

585 45 0
                                    

မနက် သတင်းထဲတွင် .....

"ဆိုးလ် မြို့ရဲ့ အကြီးဆုံး အထက်တန်းကျောင်းများထဲ မှ ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂန်ဆိုးလ် အထက်တန်းကျောင်း ဥက္ကဌPark Jin Young သည် မနေ့ည မတော်တဆ မှုတစ်ခုကြောင့် ခွဲစိတ်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။"

"ဘာလဲ ဒီဟာက။"

အံ့သြမင်သက်သွားသော ဦးလေး နှင့် ကျတော်။

"ဘယ်လို ဖြစ်တာလဲ?
နားမလည်တော့ဘူး။"
ဦးလေးက အံ့အားသင့်စွာထပ်ဆိုသည်။

ဒီဖြစ်စဉ်ကို မည်သူက တွေးထင်ထားမည်နည်း။

ကျတော်လည်း တွေးထင်မထားခဲ့ပါ။

တကယ်ကို အံ့သြသွားမိသည်။ နောက်ထပ် စိတ်မကောင်းဖြစ်မှု။ ဘယ်လိုပဲ မုန်းမိ
ခဲ့ပါသော ကျတော်သည်........!

အခုလို အသက်အန္တရာယ်နှင့်ပတ်သတ်လာခဲ့ရင် လူသားတစ်ယောက်အနေနှင့် ကျော်မသွားသင့်သည်ကို ကျတော် ကောင်းကောင်းကြီးခံစားမိခဲ့သည်။

အခုချိန်မှာ အနာကျင်ရဆုံးသောသူက
ဥက္ကဌ Park ရယ်။
ချန်ယောလ် Omma ရယ်။
ချန်ယောလ်ရယ် ပဲ ဖြစ်နေပါလိမ့်မည်။

ကျတော်တို့က ဝမ်းနည်းပေးနေရုံသက်သက်သာ။

ကာယကံရှင်တွေက ပိုဆိုးမည်လေ။
.
.
.
သတင်းကြားကြားချင်း အပြေးလာသည်လား မသိ။
ချွေးသံတရွှဲရွဲ နှင့် ပြေးဝင်လာသော ဘတ်ဟွန်း။

"Ya! မင်း အဆင်ပြေရဲ့လား''

နီမြန်းအစ်မို့နေသော မျက်ဝန်းတွေကို စူးစိုက်ကြည့်ပြီး ဆိုလာသော သူ။

ဒီထက်ပို ငိုနေလည်း မထူးတော့တာမို့။
အားတင်းကာ Appa ခွဲခန်းက ထွက်အလာကို စောင့်နေခဲ့တာ။

ဘတ်ဟွန်းလာတော့။
ကျတော် ပို စိတ်သက်သာရာ ရမိသည်။

"အင် အဆင်ပြေသွားပါပြီ"

"ငါလည်း သတင်းရရချင်း ပြေးလာတာ။
အခုထိ မပြီးသေးဘူးလား"

"အင်"

ချန်ယောလ်ကို ကျတော် ထပ်မမေးဖြစ်တော့။
စိုးရိမ်ပူပန်နေမှုနှင့်အတူ ......သူလည်း ဖြေနိုင်စွမ်းတွေ ကုန်ခမ်းနေတာ ကျတော်ရိပ်စားမိပါ၏။

A Place For Me (complete) : Z&UWhere stories live. Discover now