Part 10

894 82 4
                                    

သတိမေ့မျောနေသောဂျောင်ဆူးမျက်ခုံးလေးတွန့်သွားလေသည်။

နှလုံးခုန်နှုန်းတို့သည် ပုံမုန်အသံလေးအတိုင်းပဲမြည်နေလေသည်။

တီ တီ တီ~
🍁👀

အချိန်အားဖြင့် နေ့လည်၁၂နာရီ
ထိုးလေပြီ ။

စာမေးပွဲ ဖြေဆိုချိန်သည် ကန့်သတ်ထားတဲ့အချိန်ရောက်လေပြီုဖြစ်သောကြောင့် အဖြေလွှာစာရွက်များကို ဆရာက လိုက်လံသိမ်းဆည်းနေလေသည်။

"Baek hyun shi ရေးထားရပ်တော့ အချိန်စေ့နေပြီ''

"Nae Sam တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး '' ဆို၍ဆရာ ပြုံးပြပြီအဖြေလွှာကို ယူသွားလေပြီ။

ရမှတ်အမြင့်ဆုံးရအောင်မဖြေဆိုနိုင်သော်လည်း အကောင်းဆုံးဖြစ်အောင်တော့ ဖြေဆိုခဲ့ပါသည်။

အာခံတွင်းမှ လေများကို ဟူး~ တစ်ချက်မှုတ်ထုတ်ပီး မတ်တပ်ထရပ်ကာ ပြန်မည်အပြု.......

"ငါတို့အတန်းခေါင်းဆောင် ဖြေနိုင်ရဲ့လား"

"ဖြေနိုင်မှာပါကွာ တို့ခေါင်းဆောင်က ဒီအတန်းထဲ အတော်ဆုံးလေ"

"ဟာ့ ဟုတ်သားပဲ ငါတို့အတန်းခေါင်းဆောင်ဒီရက်ပိုင်း သိပ်ပြီးမရွှင်လန်းဘူးနော် မင်းတို့သတိထားမိတယ်မဟုတ်လား''

"သတိထားမိတယ်

သတိထားမိတယ်''

ချောဆူးနဲ့ ချောဆူးရဲ့ သူငယ်ချင်း၂ယောက် ကျတော့်ကို ရန်စနေသည်ဆိုတာကို ရိပ်မိနေသော်လည်း ......

ခုချိန်ကျတော်သူတို့နှင့်အပြိုင်ပြောဆိုနေဖို့ အားအင်မရှိတာအမှန်။

"အာ့ ဂျောင်ဆူး အဲ့ငနဲကောင်က အခုမသေမရှင်ဖြစ်နေတာ ဆို!

နာရေးက ဘယ်တော့လဲ?
ဲအတန်းခေါင်ဆောင်ကြီး ခင်ဗျ ''

"ဟား ဟား ဟား '' လှောင်ရယ်နေသံများ.....နားထဲခါးသီးလှသည်။

A Place For Me (complete) : Z&UWhere stories live. Discover now