part 5

1K 105 0
                                    

သူငယ်ချင်းတွေကြားမှာ ကျေးစူးဆိုတဲ့စကား မသုံးနဲ့ ဟုတ်ပြီလား''

''အင်း''

ခေါင်းကို အားပါးတရ ညိမ့်ကာ ကျနော်သူထည့်ပေးသော အာလူးချောင်းကြော်ကို စားလိုက်သည်။

'' အရမ်း အ၇သာရှိတယ် ဟ''

'' ငါပြောသားပဲ စားလို့ကောင်းပါတယ်လို့ များများစား''

''အင်''

ကျနော့် နေ့လည်စာကို အားပါးတရ စားလိုက်ပါတော့သည်။

"Ya ya အချိန်ရောက်တော့မယ်"

"ဘာကိုလဲ "

"သီချင်းလွှင့်ဖို့အချိန်ရောက်တော့မယ် "

" ဟုတ်လား အင် ဒါဆို သွားကြမယ်လေ"

"သွားမယ်"

Baek hyun နာရီတကြည့်ကြည့်နဲ့ထက kyung sooကိုအလျင်စလိုပြောနေသည်။

"kyung soo ရ ငါတို့ပြေးမှထင်တယ်
မမှီတော့ဘူး"

"လာ ပြေးရအောင် "

နှစ်ယောက်သားတစ်ယောက်လက်ကို တစ်ယောက်တွဲကာ ကန်တင်းထဲမှ ပြေးထွက်လာကြသည်။

သူတို့ကို မြင်လိုက်ကြတဲ့ တချို့ကျောင်းသူလေးများက ပြုံးစိစိနှင့်။

တချို့ကျောင်းသားများ က ....

"ဘာဖြစ်တာလဲ အသည်းအသန်
ပြေးနေကြတာ"

"မင်းကလည်း သီချင်းလွှင့်မယ့်အချိန်ရောက်ပြီလေကွာ

ဒါကြောင့်ငါတို့အတန်းခေါင်းဆောင်ကြီးက အသည်းအသန် ဖြစ်နေတာ"

"သြော်....အဲလိုကိုး"

..........................................................................

'If i let you go'

''ဘယ်လိုလဲ သီချင်းကနားထောင်လို့ကောင်းရဲ့လား ''

''အင် ကောင်းတယ် မင်းနားထောင်နေကျလား''

''အင် နားထောင်နေကျ.....စိတ်ပင်ပန်းတဲ့ အချိန်တိုင်းပေါ့''

စိတ်ပင်ပန်းတဲ့ အချိန်တိုင်း........။

သီချင်းလေးကို ခံစားချက်လေးအတိုင်းစီးမျောကာနားထောင်ကြည့်လိုက်တော့ baek hyun ပြောသလိုမျိုး စိတ်ပင်ပန်းတာတွေ ပြေပျောက်သွားသလိုပါပဲ.....။

A Place For Me (complete) : Z&UWhere stories live. Discover now