Part 25

522 41 0
                                    

လက်ဖက်ရည် ပန်းကန်တွေကို လာချပေးသော မိန်းကလေးငယ် ကို ရယ်ပြလိုက်ကာ။

'' သမီး လေးက ''

'' သမီး နာမည် ဆာရာလို့ ခေါ်ပါတယ် အဒေါ်....။

အဒေါ်က အရမ်းလှတာပဲနော်။ Chanyeol Oppa! ရော မလာဘူးလား''

''ချန်ယောလ် လား။ 😮
အဒေါ်က လမ်းကြုံလို့ ဝင်လာကြည့်တာပါ😃😃"

ပြုံးရယ်နေသံတွေ အတိုင်းသား ကြားနေရသော ကျတော့်နားတွေကို အလိုလိုပိတ်ထားမိသည်..။

လက်ဖက်ရည်ကို မော့သောက်ရင်း စကားမပြောဖြစ်သော ကျတော်....။

'' ကျမရဲ့ လာရင်း ကိစ္စက"

မျက်လုံးများက ဆာရာ့ဘက်သို့ ဦးတည် ရွေ့ သွားပြီး ပြောဖို့ ခက်နေသလို။

'' ဆာရာ သမီး အခန်းထဲ သွားနေပေးပါ...ဒီမှာ လူကြီးတွေ စကားပြောကြမလို့ ''

''Nae...appa!''

ဆာရာ အခန်းထဲ ၀င်ပြီးတာနဲ့  ...သူမစကားစတော့သည်။

'' ကျမ ဂျောင်ဆူးကို တွေ့ ချင်လို့ ပါ။ အခု သူအိမ်မှာ ရှိလား ဟင်''

သူမကို မတွေ့ ချင်လို့ ရှောင်နေသော ဂျောင်ဆူးကို ကျတော် မခေါ်ထုတ်ချင်။

'' အာ ဂျောင်ဆူး လား။ မရှိဘူး ခင်ဗျ ...သူ...ဟို...သူ့ သူငယ်ချင်း ဘတ်ဟွန်းဆီသွားတယ်။''

'' ဘတ်ဟွန်းဆီကိုလား.....။အား...Nae....ဘတ်ဟွန်းအိမ်ဆိုတော့ ဒီရက်ကွက်ထဲမှာပဲ မလား။
အဆင်ပြေရင် ဖုန်းဆက်ပြီး ခေါ်ပေးပါလားဟင်။''

''မရဘူး....အာ...သူတို့ သွားစရာရှိတယ်ဆိုလား ။ကြားတယ်။ ကျောင်းပိတ်ရက်ဆိုတော့ အပြင်ထွက်လည်ကြမယ် ထင်တယ်။''

ဒါဆို မတွေ့ရတော့ဘူးပေါ့....။ဒီကလေး။ နောက်တစ်ခေါက် မရရအောင်တွေ့ ရမယ်။

''Nae....ဒါဆိုလည်း ခွင့်ပြုပါဦးနော်။''

''Nae....''

ချန်ယောလ် အဒေါ်က ဘာလို့ ရောက်လာခဲ့သည်ဆိုတာ ကျတော်မသိ။ သေချာတာကတော့ Park ဥက္ကဌကြီးနှင့် ပတ်သတ်တာသေချာသလောက်ရှိသည်...။ ဂျောင်ဆူး တုန်လှုပ်နေခဲ့သည်ကိုတွေးကြည့်တော့မှ ရိပ်မိလိုက်သည်က မတော်တဆ မှုနှင့် ပတ်သတ်နေသည်လား။

A Place For Me (complete) : Z&UWhere stories live. Discover now