Part 6

1K 105 1
                                    

ကျနော်ရယ် Omma ရယ် အိမ်ပြောင်းဖို့အတွက် အ၀တ်အစားများ စီကာ ခရီးဆောင်အိတ်ကြီးထဲသို့ထည့်နေတုန်း Sara အခန်းထဲသို့ ၀င်လာကာ ရပ်ကြည့်နေသည်။

''သမီး ဘာပြောမလို့လဲ ပြောစရာရှိတာပြောလေ''

''အဒေါ်ကြီးတို့ ဒီနေ့ အပြီးပြောင်းကြတော့မှာပေါ့နော်...''

Saraရဲ့ မျက်နှာလေး ညှိုးကာမေးနေတော့ မားက Saraကို ပွေ့ ဖက်ကာ ....

''အင် သမီးလေး ဒေါ်ဒေါ်တို့ သွားတော့မှာ လိမ်လိမ်မာမာနေနော် appa ကိုလည်းဂရုစိုက် ဟုတ်ပြီးလား''

''အင် ''

Sara ommaကို တင်းကျပ်စွာ ဖက်ထားတော့ ကျနော့်ရင်ထဲ တစ်မျိုးကြီးပဲ...စိတ်မကောင်းဖြစ်နေတာလား ဒါမှမဟုတ် Sara ကို ကျနော်သနားနေမိတာလား။ ငယ်ငယ်လေးထဲက မိတဆိုးလေးဖြစ်ခဲ့တဲ့ Saraက အခု မားကို သံယောဇဉ်ပို ကာနေပြီဖြစ်သည်။

''သမီးတို့ အိမ်ကို မကြာမကြာ လာလည်ပါလား ဟင် ''

''အင် ဒေါ်ဒေါ်တို့ အလုပ်အားရင် လာလည်မယ်နော်''

''ကတိပေးပါနော် ''

''အင် ကတိပေးတယ် ဟုတ်ပြီးလား''

Sara သဘောကျကာ မားကိုနောက်တစ်ကြိမ် ပွေ့ ဖက်ပြီး ထွက်သွားလေသည်။

ကျနော်က အခုအသက် ၁၇ နှစ် Saraက ၁၅နှစ်သာရှိသေးသည်။

''သားလေး Sara ကို ကြည့်ပါဦး မားကိုသူခင်တွယ်နေပြီ ''

''အင် သားသတိထားမိပါတယ် မား မား က စိတ်ရင်းကောင်းတာကိုး သူကြိုက်တဲ့ဟင်းတွေချက်ကျွေးတယ် သူ့ကို သမီးလေးတစ်ယောက်လို သဘောထားပြီး ဆက်ဆံပေးတော့ သူ မားကို သံယောဇဉ်တွေပိုနေပြီလေ''

'' အင် မားလည်း Sara ကို လွမ်းနေရတော့မှာပဲ soo ရယ်''

''ကျနော်ရောပဲ''

ဒီအိမ်ကို စရောက်တုန်းက Sara သည် သိပ်ကိုဆိုးသွမ်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကိုမားက သူ့ကိုနားလည်ပေးပြီး သူ့ကိုဆုံးမစကားတွေဆိုတော့ သူသဘောပေါက်ပြီးနားလည်လာခဲ့သည် ထင်။

ကျနော့်ကိုလည်း အလိုမကျတဲ့အကြည့်မျိုးသူမကြည့်တော့ပေ။

A Place For Me (complete) : Z&UDonde viven las historias. Descúbrelo ahora