Part 21

533 58 1
                                    

..

'နှလုံးသားက ပြောင်းလဲဖို့ အမိန့် ပေးတာမျိုး မဟုတ်ပဲ

နာကျင်မှ အသိစိတ်က အမိန့် ပေးတာမို

ကျတော် ပြောင်းလဲ ပါရစေ~~''
.
.
.
Kyung soo ကို စိုးရိမ်နေမိသည်။
သူ တစ်ယောက်တည်း အဆင်ပြေပါ့မလား?

"Ya !!!Baekhyun ya ဘာတွေ ငိုင်နေတာလဲ?''

"အာ...ဟို ငါအတွေးလွန်နေတာ ဘာမှမဟုတ်..."

ပြောပြချင်နေသည်။မတော်တဆ ဖြစ်ခဲ့တဲ့အမှုကို ရဲတွေ...အား ပြောသင့်လား။
မပြောသင့်လား တွေဝေနေတုန်းမှာ ....

"Kyung soo!"

အတန်းထဲသို့ လွယ်အိတ်ကို ဘေးတစောင်းလွဲကာ ခပ်တည်တည်ပင် ဝင်လာသော kyung soo ထူးဆန်းနေသလိုပင်။

"Ya! အဆင်ပြေခဲ့လား ?"
ကျတော့်အမေးကို မသိကျေးကျွန်ပြုကာ ခုံပေါ်သို့ သူမောက်အိပ်နေပါ၏။

နေ့လည် မုန့်စားဆင်းချိန်ဖြစ်သောကြောင့် အခန်းထဲ လူရှင်းသည်။
အတိအကျ ရှိတာက ကျတော်ရယ် Chanyeol ရယ် ပြီးတော့ မှောက်အိပ်နေသူ။

"ရာ့ မင်းတို့ ရန်ဖြစ်ထားကြတာလား?"

Chanyeol ရဲ့အမေး ကို နားထဲမဝင်
Kyung soo
ဆီသို့ ကျတော် ထသွားကာ...

"ဘာဖြစ်ခဲ့လို့လဲ? "
နောက်ထပ်အရေးတယူမေးကြည့်သော်လည်း

မှောက်အိပ်နေသော သူ တုံ့တုံ့မျှမလှုပ်။တုံ့ပြန်မှုမရှိ။

Chanyeol ကတော့ နားမလည်စွာ သူတို့နှစ်ဦးရဲ့ ဖြစ်ပျက်နေပုံကို ထိုင်ကာကြည့်နေသည်။

"Ya! Do Kyung soo!!"

Kyung sooနံဘေးရပ်ကာ အော်ငေါက်လိုက်ကာမှ...

"ဘာလဲ!!!!"

ရုတ်တရက် မတ်တပ်ထကာ ကျတော်နှင့်မျက်နှာချင်းဆိုင် အနေအထား။
နီရဲနေသော မျက်လုံးများက ကျယ်လာကာ ရန်လိုသောအရိပ်အယောင်တွေ။
စိုက်ကြည့်နေသော မျက်ဝန်းများက ကျတော်သိသော Kyung sooမဟုတ်ပေ။

A Place For Me (complete) : Z&UOn viuen les histories. Descobreix ara