Part 7

1K 104 6
                                    

ကျတော် ချာမြောင်ဆေးရုံသို့ ရောက်လာခဲ့သည်။

Kyung soo ရဲ့ ကြေကွဲဆို့နစ်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုကိုတွေးမိလိုက်တိုင်း .....

ရင်ထဲ နာကျင် မွန်းကျပ်ကာဖြစ်တည်နေမြဲ.....။

ကျတော် အားတင်းကာ ဆေးရုံးတွင်းသို့ဝင်ပြီး ကောင်တာမှာရှိသော nurse များကို kyung soo ရဲ့အခန်းကို မေးမြန်းကြည့်လေတော့...

အခန်းနံပါတ် 301 သို့ညွှန်းလေသည်။

် ဓာတ်လှေကားတံခါးအပွင့်ကိုစောင့်ကာ ကျတော်တွေတွေကြီးရပ်နေမိသည်။

တံခါးအပွင့် သတိပေးသံကြောင့် ကျတော် အထဲသို့ဝင်ကာ 12ကိုနှိပ်လိုက်သည်။

၁၂ထပ်မြောက်မှာ ......

တံခါးပွင့်သွားတာနဲ့အတူ ကျတော်စိတ်များkyung soo ဆီသို့်ဦးတည်နေသောကြောင့် ခပ်မြန်မြန်ထွက်ကာ ပြေးပြီး အခန်းနံပါတ် ကို ရှာနေမိသည်။

အချိန်အတော်ကြာ ကျတော်ပတ်ပြေးကာရှာမိသည်.....

ချွေးများစိုရွှဲကာနဖူးတွင်တွဲခိုကျနေလေသည်....။

အခန်းတစ်ခုရှေ့ကျတော် ကျောမှီကာ အမောဖြေနေတုန်း......

ကျတော်ကျောဘက်က နံပါတ် ပြားကို လှည့်ကြည့်တော့....

.... အခန်း‌301 ....

Kyung soo ya~

ကျတော် တံခါးကို တုန်ယင်သောလက်ဖြင့်ကိုင်ကာ တွန်းဖွင့်လိုက်သည်။

ကုတင်ပေါ် ဒဏ်ရာများစွာဖြင့်လဲလျောင်းနေသော Kyung soo ကို ကျတော်ငေးကာကြည့်နေမိသည်။

သူမှဟုတ်ရဲ့လား?

ကျတော်သိသောကျတော့်သူငယ်ချင်း ဂျောင်ဆူးမှ ဟုတ်ရဲ့လား?

ရင်တထိတ်ထိတ်နဲ့ သူ့အနားကိုတိုးကာ တိုးကာ လျောက်သွားသည်။

မျက်နှာရဲ့ဘယ်ဘက်ခြမ်းတွင် သွေးစွန်းနေသော ဂွမ်းစကြီးကသူ့ဒဏ်ရာကိုကာကွယ်ထားသည်။

ဦးခေါင်းသည်လည်းပြင်းထန်စွာဒဏ်ရာ ရခဲ့သည်ထင် ပတ်တီးများဖွမ်းလွှမ်းလို့နေသည်။

လက်နှစ်ဖက်စလုံးတွင် ဖန်စများ၏ ထိုးစိုက်မှုကြောင့် အပ်ပေါက်ရာဒဏ်ရာတွေကမနည်းမနော.....။

A Place For Me (complete) : Z&UWhere stories live. Discover now