Part 28(end)
2.1K 88 7
Appa ကို စိတ်မချ လို့ အနောက်က တိတ်တိတ်လေး လိုက်ကြည့် မိခဲ့တာပါ။ ဒီလို မြင်တွေ့ သိမြင်ချင်ခဲ့လို့ မှ မဟုတ်ဘဲ။
အရာအားလုံးကို ဆက်စပ်တွေးကြည့်....ကြားခဲ့သမျှသော စကားသံတွေကို အဖြေရှာရင်း။
ဂျောင်ဆူး ရဲ့ မိဘတွေသေဆုံးသွားခဲ့ ရတာဟာ Appa နဲ့ ဟွာယောင်း အဒေါ်ကြောင့်ပေါ့။ ဟုတ်လား?
ဒီတောအတွင်း ဟွာယောင်း အဒေါ် လာနေခဲ့စဉ်အတွင်း ထိုမျက်ဝန်းများက Pa အပေါ် မရိုးသားခဲ့တာ ရိပ်မိသော်လည်း မဖြစ်နိုင်ဘူး ဟုသာ ကောက်ချက်ချမိခဲ့သည်...။ ဒါဆို Appa က အဲ့တုန်းက ဟွာယောင်း အဒေါ်နဲ့ ကား အတူတူ စီး ခဲ့တာပေါ့။ ဒါဆို နှစ်ယောက်သား ဘာလို့ အတူတူ ရှိနေရတာလဲ?
အခုဘဲ Appa ရဲ့ လက်ကို ဆွဲကာစိတ်လိုက်မာန်ပါ မေးလိုက်ချင်သော်လည်း။ ထိုနေရာတွင် Appa တစ်ယောက်တည်းမဟုတ်တာ ခက်သည်။
ဂျောင်ဆူး မျက်ဝန်းအကြည့်တွေသူ့ အပေါ် ပြောင်းလဲသွားတည်းက ငါသိခဲ့သင့်တာ...။ ဘာလို့ငါ့ကို ဒီလို ကြည့်တာလဲ ။ မေးကြည့်ခဲ့ရမှာ......ငါခပ်ပေါ့ပေါ့ နေခဲ့မိတာပဲ။ မင်းခံစားချက်တွေ ငါ လျစ်လျူ ရှု မိခဲ့တာပဲ။မင်းမိဘတွေ ....အား....နာတယ် .....နှလုံးသားက နာတယ်။ ဦးခေါင်းတစ်ခုလုံး လေးလံနေခဲ့ ပြီး ပေါက်ထွက် မတက်တင်းကျပ်နေခဲ့သည်။
ပုန်းနေရာ မှ ကျတော် ထွက် လာ ခဲ့သည်။ မျက်လုံးတွေ နီရဲနေမှာ သေချာသည်....။
ခြေသံကြားလို့ အားလုံး လှည့်ကြည့်ရာ နံရံနှစ်ဖက်ပိတ် လမ်းကလေးတဖွယ် ကြွေပြားအတိပြည့်သော ကြမ်းပြင်ကို အားပါပါနင်းကာ လျှောက်လာသော ချန်ယောလ်ကို အားလုံးက အံအားသင့်စွာ ကြည့်နေရင်း
''သား ''
'' ချန်ယောလ်''
''ချန်ယောလ် မင်းဒီကို ဘယ်လို ဖြစ်ပြီး''
'' မကောင်းတဲ့ အကောင် ''
ဂျောင်ဆူးရဲ့ ကော်လံစကို ဆွဲကိုင်ကာ။
A Place For Me (complete) : Z&UWhere stories live. Discover now