Part 27

683 56 1
                                    

ခေါင်းက မူးနောက်နောက်ဖြစ်နေရုံကလွဲလို့ တခြားသော စိုးရိမ်ပူပန်မှုတွေ ထိတ်လန့်ကြောက်ရွံ့ နေမှုတွေက ရင်ထဲအပြည့်နေရာယူလျက်။
မိန်းမနှင့်သား ကို ဟန်ဆောင်ပြီးအဆင်ပြေပြနေရတာကတော့ ကျတော့်အတွက်တလည်ပြန်လာတဲ့ ကံတရားထင်ပါရဲ့။

ပြောပြချင်နေခဲ့သည်။ ကျတော်ဖန်တီးခဲ့သော ပြဿနာတစ်ချို့။
ဖွင့်ပြချင်ခဲ့သည် စိတ်က ကြောက်ရွံ့ နေသော အရာတွေ။ အခုချိန်မှာ ကျတော် ဒီလိုမျိုး ကုတင်ပေါ်မှာ လှဲနေသင့်လား။
သွားပြီး ဝန်ခံသင့်လား။(Kyung soo အမှုပိတ်သိမ်းလိုက်တာ သူမသိသေး။)

အခု ကျတော် ဆေးရုံတက်နေရတဲ့ အခြေအနေက ဟွာယောင်းရဲ့ ပယောဂနှင့်မကင်းပေ။

ဟွာယောင်းရော အဆင်ပြေနေရဲ့လား။
သူမလည်းပဲ ကြောက်ရွံ့ နေမှာပဲ။

"ဟွာယောင်း ရော မလာဘူးလား ဆေးရုံကို"

"ဟွာယောင်းလား "

Omma နှင့် ကျတော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ။

"ဟွာယောင်းကို ရဲတွေ လာခေါ်သွားကြတယ် ...ဘာဖြစ်တာလဲ ကျမလည်း မသိဘူး။
အစ်မ စိတ်မပူနဲ့ ကျမ ကြည့်လုပ်လိုက်မယ်ဆိုပြီး ထွက်သွားတာပဲ။''

ဒါဆိုရဲ တွေ။ သူမ ကို စစ်မေးနေလောက်ရောပေါ့။ ဒါဆို သူ သူလည်းပဲ အပြစ်ပေးခံရတော့မှပေါ့။

ဘယ်လိုလုပ်မလဲ?  ဒီအကြောင်းတွေ မိန်းမနဲ့  သူ့ရဲ့ သားသာ သိလို့ကတော့ အခြေအနေတွေ မတွေးရဲစရာ။

ပျက်ယွင်းချင်နေသော မျက်နှာထားကို မနည်း ထိန်းထားရင်း သူစိတ်ထဲ ထိတ်လန့်နေခဲ့သည်။
အစက သူကိုယ်တိုင် ဝန်ခံမယ်လို့ စဉ်းစားခဲ့ပြီခါမှာ အခု ဘာလို့ တွန့်ဆုတ်နေမိသနည်း။

အကြောင်းကား....။
သူ့အပေါ် ဂရုစိုက်တတ်လွန်းသော မိန်းမနှင့် သားလေးကြောင့်ပင်။
အခုပဲကြည့် ဆေးရုံ တက်နေရသောဒီအတောအတွင်း ဆေးရုံမှာပဲအတူ လာရောက်နေထိုင်နေကြသည်။
ဖေးမ ပြုစုပေးကြသည်။ လိုအပ်တမျှ သည်းသည်းလှုပ်ကာ ကပြာကယာ လုပ်ပေးကြသည်။ မိသားစုဆိုသော အသိုက်အမြုံက နွေးထွေးမှုအတိ။

A Place For Me (complete) : Z&UWhere stories live. Discover now