Part 23

581 49 0
                                    

သတိမထားမိခဲ့ဘူးလား?
သည်ရက်ပိုင်း ပြောင်းလဲသွားသော နှလုံးသားတစ်စုံကို!

သတိမထားမိတာမဟုတ်ပါဘူး။
မသိချင်ယောင်ဆောင်ပြီး လွှတ်ထားခဲ့မိတာ ထိုနှလုံးသားကို!
.
.
.

"အာပါ့ "

"အေ ဝင်လာခဲ့ သား"

"အာ...ဟွာယောင်း အဒေါ်ကြီးလည်းရောက်နေတာကိုး...
ဘာလဲ ကျတော်တို့ကျောင်းကို အလည်လာတာလား?"

"ဟင်"

တချက်ငိုင်ကျသွားပြီးမှ စကားပြန်ဆက်သည်။

"ဟုတ်တယ် ချန်ယောလ်ရဲ့
အဒေါ်က ကျောင်းကို လာကြည့်တာ
Oppa ကျမသွားတော့မယ် ခုနက မေးထားတာကို Massage ပို့လိုက်နော် ဟီး~
သွားမယ်နော် ချန်ယောလ် "

"Nae...."

အရိုအသေပြုပြီးတာနဲ့

"အာပါး အခုတလော ထူးဆန်းတယ် ဟွာယောင် အဒေါ်ကြီးလေ
သားတို့အိမ်မှာလည်းလာနေတယ်
နောက်ပြီး ကျောင်းကိုမလာစဖူးလာတယ်နော်..
Arrr...mola ဒီမှာ ဖိုင်
ကျတော်သွားပြီး"

ပြောချင်ရာပြောပြီး ထွက်သွားသော ကျတော့်သားလေး။

ပြဿနာတွေအားလုံးက ငါ့ကြောင့်ဖြစ်ရတာ။
ငါ့ကြောင့်....ဟူး....!
လည်တိုင်မှ  လည်စည်းကြိုးကို ဖြေချရင်း...သက်ပြင်းအကြိမ်ကြိမ်ချနေသော Park ဥက္ကဌ။

.

.
.
အခန်းအောင်းနိုင်လွန်းသောဆုကို အကိုဂျောင်ဆူးကို ပေးရမည်။
တစ်နေကုန်အခန်းထဲမှာပဲ အချိန်ကုန်ဆုံးနေတာကတော့ မဖြစ်သေးပါဘူး။

"Oppa!!!"

"အွန်"

အခန်းထဲ မည်သူမျှမရှိ။
ဘယ်သွားတာလဲ ?
ပြောလည်းမပြောသွားဘူး။
.
.
.
ည ၇နာရီ ဝန်းကျင် လူသူစည်ကားလှသော သောနေရာတစ်ခုတွင် လမ်းလျောက်ရင်း ဦး တည်ရာမဲ့နေသာ ခြေလှမ်းများ.....။ လူအများကြား ကိုယ်ရဲ့တည် ရှိနေမှု ဟာ တစ်ယောက်တည်း မဟုတ်ပါဘူးဆိုတဲ့ စိတ် မခံစား ရဘဲ....လောကကြီး ထဲ မှာ ကိုယ် တစ်ယောက်တည်း ရှိနေသလိုပင်။

A Place For Me (complete) : Z&UWhere stories live. Discover now