A

38.5K 1.1K 51
                                    

Written by: Kim Tae_Nun

_______________________________

ကျောင်းဖွင့်​တဲ့ ရက်​​တွေက ငရဲကျသလို။
သ​ကောင့်​သား မျက်​နှာကို  မြင်​ရသည်​က
အရှင်​လတ်​လတ်​ မီးရှ်ို့ခံရသည့်​အလား။
ခြေလှမ်းများက တက်​ကြွ​နေ​သော်​လည်း
စိတ်​ထဲမှာ ခဲဆွဲထားရသည်​လားမသိ။
ကျောင်းစဖွင့်​ရက်​မှာ အရာရာက အဆင်​​ပြေ​လောက်​ပါသည်​ဟု ထင်​မိသည်​။
ဒီအ​တွေးက သက်​သက်​စင်​​အောင်​ လွဲပါ​ရောလား။

"Hello!!! Kim Tae Hyung"

ကျောင်းထဲဝင်​ဝင်​ချင်း နှုတ်​ဆက်​သံက
ထို ငှက်​ဆိုး​ကောင်​အသံ။
ကြည့်​မရသည်​မှာလည်း သူ့အပြင်​မရှိ။
ထိုအ​ကောင်​ ရုပ်​က မျက်​နှာမြင်​ရိုက်​ချင်​ပါ​စေ
ဟူ​သော ဆုနှင့်​ မ​တောင်းဘဲပြည့်​သည်​။
ဒါကို မျက်​စိမမြင်​တဲ့​ ကောင်​မ​လေး​တွေက
သဲသဲလှုပ်​ ​ကြွေကြခိုက်​ကြ တယ်​တဲ့။
အရပ်​ကမိုးထိုး သွားကကြီးကြီး နှာ​ခေါင်းပွပွ
ထိုသို့​သော သရုပ်​ပျက်​ မျက်​ခွက်​ကို
ဘယ်​နားကြည့်​ကြိုက်​လဲ မသိ။

"အလို!!!လန့်​တာ မသာ​ကောင်​ရယ်​ အဲ့​အသံဆိုးကြီးနဲ့ ​အော်​ရလား"

ပျစ်​ပျစ်​နှစ်​နှစ်​ ​ပြောဆိုပြီး တကာလ
ယုန်​​ပေါက်​ ထံမှ အဆဲသံစဉ်​များ ထွက်​လာ​တော့သည်​။

"​သေ​လေ......မင်းသာ မနာလို​နေတာ
ငါ့အသံက ကြားတဲ့သူတိုင်း စွဲသွားတာ....အဟက်​"

ငှက်​ဆိုးချိုချဉ်​စားပြီး ချွဲကျပ်​ ​နေတဲ့အသံကို
သာယာလှပါပြီတဲ့။ ရယ်​ရင်​​တောင်​ မကုန်​နိုင်​။

"ဟား...ဟား..ဘာ ကြားတဲ့သူတိုင်း စွဲသွားမှာ
အဲ့မှာ သတ်​​သေလိုက်​ အ​ကောင်​ရ"

လျှာတန်းလန်းထုတ်​ပြီး မျက်​နှာ​ပြောင်​ပြ​နေ​သော သူ့မျက်​နှာကြီးကို ပစ်​ထိုးလိုက်​ချင်​သည်​။
ကျောင်းစတက်​တဲ့​နေ့မို့ ပြသနာမဖြစ်​ချင်​၍
အေး​ဆေးသာ ​နေလိုက်​သည်​။
နောက်​​နေ့များဆိုရင်​​တော့.......😏။
မျက်​နှာတစ်​ချက်​​တောင်​ လှည့်​မကြည့်​ဘဲ
အတန်းဘက်​သို့သာ လာခဲ့လိုက်​သည်​။
အ​နောက်​မှာ ဖြစ်​ချင်​သလိုဖြစ်​​နေပါ​​လေ့စေ။

Never Ever {♥Completed♥}Where stories live. Discover now