V

7.1K 602 60
                                    

Written by: CandyBangtan

_______________________________

လက်​ကနဲ ​ကြွေကျသွားတဲ့ ကြယ်​​လေးတစ်​ပွင့်​ရဲ့ အဆုံးသတ်​နိဂုံးက ကျ​တော့်​အတွက်​ ​မျှော်​လင့်​ချက်​များ ဖြစ်​​နေမလား။

ဆု​တောင်းမိပါတယ်​။

"ကျ​တော်​သူ့ကို ​နောက်​တစ်​ကြိမ်​ချစ်​ခွင့်​ရပါရ​စေ"လို့။

ကံကြမ္မာရဲ့ရက်​စက်​မှုလို့ပဲ အမည်​နာမတပ်ရ​မယ်​ထင်​ပါတယ်​။ ​ဖေ​ဖေ့ရဲ့မိတ်​​ဆွေက Tae Hyungရဲ့ မိဘ​တွေတဲ့။

အလွမ်း​တွေပြည့်​နှက်​​နေတဲ့ ဒီရင်​ဘတ်​ကြီးက သူ့မျက်​နှာကို ​တွေ့လိုက်​ရတဲ့တခဏ ဒိတ်​ကနဲ ခုန်​တက်​သွားခဲ့တယ်​။

ထမင်းအတူစား​သော်​လည်း စားမ၀င်​။ ဒီမျက်​နှာ​လေးပဲ ထိုင်​ကြည့်​​နေချင်​တာမျိုး။ သူ့ကိုလှမ်းကြည့်​ပြန်​​တော့လည်း မယ်​မယ်​ရရမစား။ ဟို​မွှေဒီ​မွှေသာလုပ်​ရင်း အ​နေခက်​​နေပုံ။ ငါ မင်းအတွက်​ အ​နှောက်​အယှက်​များ​ ဖြစ်​​နေပြီလား Tae......။

မင်း​ပေးတဲ့ ဘာရယ်​မဟုတ်တဲ့ အကူအညီ​လေးနဲ့​တောင်​ ကိုယ့်​ရင်​​တွေ တစ်​ခါပြန်​​နွေး​ထွေးလာခဲ့တာပါ​။ ​တကယ်​ကို ကျေးဇူးပါ....အချစ်​ရယ်​......။

>>>>>>>>>>

အဲ့ဒီ​နေ့ပြီး ​နောက်​​နေ့​တွေ သူနဲ့သိပ်​မဆုံဖြစ်​ခဲ့။ လက်ကလည်း အခုဆို ပတ်​တီး​ဖြေပြီးလို့ သက်​သာ​နေပါပြီ။ ရင်​ထဲကဒဏ်​ရာ​တွေလည်း အဲ့ဒီလိုသက်​သာသွားခဲ့ရင်​ ​ကောင်းမယ်​။

"Jung Kook သားနဲ့ Tae Hyungနဲ့က အ​တော်​ခင်​ကြတာလား သူတို့အိမ်​မှာ​တောင်​ သွားအိပ်​ဖူးတယ်​ဆို"

ဒါ​ပေါ့။ သိပ်​ခင်​တာ​ပေါ့အ​မေရယ်​...။ ခင်​တာထက်​ကို ပိုပြီး ​ချစ်​ခဲ့ရသူပါ။

လက်​​တွေ့မှာ​တော့ ​ခေါင်းသာငြိမ့်​ပြဖြစ်​ခဲ့သည်​။

"သား ​နေမ​ကောင်းဘူးလား မျက်​နှာလည်း မ​ကောင်းဘူး"

"​ကောင်းပါတယ်​ ​မေ​မေ​ရဲ့ စိတ်​မပူပါနဲ့ ကျ​တော်​​ကျောင်းသွား​တော့မယ်​​​"

Never Ever {♥Completed♥}Tempat cerita menjadi hidup. Temukan sekarang