R

6.2K 596 58
                                    

Written by: CandyBangtan

_______________________________

သေ​လောက်​​အောင်​ ချစ်​ခဲ့လို့ထင်​ပါတယ်​။ ရင်​ဘတ်​တစ်​ခုလုံး အ​ကောင်းပကတိ မကျန်​​အောင်​ မွစာကျဲ​နေခဲ့တာ။

ယောကျာ်းတစ်​​ယောက်​ရဲ့ အချစ်​ဟာ မိန်းမတစ်​​ယောက်​ရဲ့ ဖြစ်​တည်​မှုမှာ ကျရှုံးရမယ်​မှန်း မသိခဲ့ဘူး။ ​ဖြစ်​တည်​မှုတစ်​ခုအတွက်​နဲ့ စ​တေးခဲ့ရတဲ့ ငါ့အချစ်​​တွေ ငါ့နှလုံးသား​တွေ မတန်​လိုက်​တာ။

ပြန်​​တွေးကြည့်​တိုင်း ငါ မင်းကို မုန်းချင်​လာတယ် Tae.........။

အော်​...အခုထိ ငါမင်းကို "Tae"လို့ ပိုင်​စိုးပိုင်​နင်း တမ်းတမိ​နေတုန်းပါပဲလား။

အိပ်​မရခဲ့တဲ့ည​တွေတိုင်း တဆစ်​ဆစ်​နာ​နေတဲ့ ဘယ်​ဖက်​ရင်​အုံကို လက်​တီးဆုပ်​နဲ့ တဖုန်းဖုန်း ထု​ခဲ့တယ်​။ တစ်​ချက်​ထုတိုင်း ​အောင့်​သက်​သွား​ပေမဲ့ ရင်​ထဲက နာကျင်​မှုကို မကုစားနိုင်​ခဲ့ဘူး။

မင်းကို ငါမပိုင်​​တော့ဘူး....
မင်းနဲ့ငါ မဆိုင်​​တော့ဘူး......
မင်းငါ့ကို မချစ်​​တော့ဘူး.......

ယောက်​ယက်​ခပ်​အ​တွေး​တွေနဲ့ ကိုယ့်​ကိုကိုယ်​ အကြိမ်​ကြိမ်​အခါခါ ပြန်​သတ်​​မိတယ်​။

ငါ မင်းကို ဘာ​လို့ ဒီ​လောက်​ထိ ​သေ​မတတ်​ ချစ်​ခဲ့ရတာလဲကွာ။

တစ်​ပတ်​.....။
အင်း...​ကျောင်းကို မသွားဖြစ်​ခဲ့တာ တစ်​ပတ်​တိတိ။ နာကျင်​မှုကို ကုစား​နေရတာရယ်​ ပတ်​၀န်းကျင်​ကို မထိ​တွေ့ချင်​တာ​ရယ်​ ​နောက်​ဆုံး သူ့ကို မ​တွေ့ချင်​​တော့တာရယ်​.............။

"Tuto​တွေအရမ်းပျက်​​နေပြီ ဒီ​နေ့​တော့ ​ကျောင်းလာခဲ့ပါ"ဆိုတဲ့ Sugaရဲ့ လှမ်းသတိ​ပေးမှု​ကြောင့်​ ကျ​တော်​ ​ကျောင်းကို ​ရောက်​ခဲ့သည်​။ ဘာပဲဖြစ်​ဖြစ်​ အနာဂတ်​ဆိုတာ ရှိ​သေးတာမို့ ကျ​တော်​ သိပ်​မရူးမိုက်​ချင်​။ ကျ​တော့်​ဘ၀ထဲမှာ သူ မရှိ​တော့​ပေမဲ့ ကျ​တော့်​ဘ၀က ဆက်​ရှိ​နေအုံးမှာမို့ မိဘအတွက်​ပဲဖြစ်​ဖြစ်​ ငဲ့ကွက်​သင့်​တယ်​ မဟုတ်​လား။

Never Ever {♥Completed♥}Waar verhalen tot leven komen. Ontdek het nu