T

6.6K 576 43
                                    

Written by: CandyBangtan

_______________________________

အိပ်​မရတဲ့ ည​တွေ...... နိုးတစ်​၀က်​ အိပ်​ပျက်​နဲ့ မိုးလင်းခဲ့တဲ့ မနက်​​တွေ။ သူမပါတဲ့ ကျ​တော့်​​နေ့ရက်​​တွေက အဆင်​မ​ပြေဘူး။

Jeon Jung Kook မင်း ရူး​နေပြီကွာ။

ကိုယ့်​ကိုကိုယ်​ အပြစ်​တင်​တာလား သတိ​ပေး​နေတာလား မသဲကွဲတဲ့ စကားသံ​တွေ။

"သား ညစာစားမယ်​"

ညစာစားဖို့ ​အောက်​ထပ်​ဆင်းခဲ့​တော့ ထမင်းဝိုင်းကလည်း လွမ်းစရာ​။ သူ သိပ်​ကြိုက်​တဲ့ ဟင်း​​တွေ။

"သား ​လာမယ့်​​စ​နေ​နေ့ကျရင်​ အိမ်​ကို သားအ​ဖေရဲ့ မိတ်​​ဆွေ​တွေ လာမယ်​ အဲ့ဒါ...................."

Tae Hyungရာ လွမ်းလိုက်​တာ။

"ဟဲ့...Jeon Jung Kook!"

မေ​မေ့ရဲ့ ​အော်​​ခေါ်သံကြားမှ လွှင့်​​နေတဲ့ စိတ်​​တွေ ဘက်​ကနဲ ပြန်​ကပ်​တယ်​။

"ဗျာ...ဗျာ"

"နင့်​စိတ်​​တွေ ဘယ်​​ရောက်​​နေလဲ နင့်​အ​မေ စကား​ပြော​နေတာ​နော်​"

"ဟုတ်​ သားသိပါတယ်​"

"ငါ ​ပြောတာ​ကော ကြားရဲ့လား"

"အင်း..."

တကယ်​​တော့ ကျ​တော်​ ဘာမှမကြားလိုက်​။ ပွစိထိုးခံရမှာ စိုး၍သာ ပြီးပြီ​ရော အင်းလိုက်​တာ။

မတည်​ငြိမ်​တဲ့ စိတ်​​တွေက လွှင့်ပျံ​နေဆဲ သူ့ဆီ။ အခုချိန်​ သူ ဘာ​တွေလုပ်​​နေမလဲဆိုတဲ့ စိတ်​ရယ်​ Bibiနဲ့များ ဖုန်း​ပြော​နေ​လေမလားဆိုတဲ့ အ​တွေးရယ်​။ ကျစ်​....ရင်​ဘတ်​ထဲ စူးနင့်​လာပြန်တယ်​။

"ကျ​တော်​ အပြင်​သွားအုံးမယ်​"

"ဟဲ့ဟဲ့...Jung Kook မစား​တော့ဘူးလား ဟဲ့ ဒီက​လေး..."

ထမင်း​တောင်​ ပြီး​အောင်​မစားပဲ စကိတ်​ဘုတ်​ကို ဆွဲယူပြီး လမ်းပြင်​ထွက်​ခဲ့လိုက်​သည်​။ လူသိပ်​မရှုပ်​တဲ့ လမ်းမထက်​မှာ ​ဘေးကပ်​ပြီး စိတ်​​ပြေလက်​​ပျောက်​ စကိတ်​စီး​နေမိတယ်​။ ဘယ်​​ခြေနဲ့ ​မြေကြီးကို သုံး​လေးချက်​​လောက်​ယက်​ပြီး အရှိန်​ယူကာစီး​နေတုန်း အ​ကွေ့မှာ ဘွားကနဲ ​ပေါ်လာနဲ့ ကားတစ်​စီး။

Never Ever {♥Completed♥}Where stories live. Discover now