S

6.2K 563 37
                                    

Written By- KimTae_Nun

_______________________________

အချစ်​မရှိတဲ့ ​​နေ့ရက်​တိုင်းဟာ မီး​လောင်​မြိုက်​တယ်​။ မင်း မရှိတဲ့ ​နေ့ရက်​​တွေမှာ ငါ ​ပျော်​​နေမယ်​ထင်​လား Jeon Jung Kook။ အရမ်းလွမ်းတယ်​ ​သေမတတ်​လွမ်းတယ်​။ လမ်းခွဲမယ်​ဆိုပြီး ​အေးစက်​သွားတဲ့မင်းကို မမုန်းမိဘဲ ပိုပိုပြီး ချစ်​လာခဲ့တာကို အရမ်းမုန်းတယ်​။
ငါ့နှလုံးသားထဲက မင်းကို မထုတ်​နိုင်​ခဲ့တဲ့ အ​ကြောင်းကို အ​ဖြေရှာ​တော့လည်း မရခဲ့ပြန်​ဘူး။ အခုချိန်​မှာ ရှိ​နေတဲ့ အသိစိတ်​​လေး တစ်​ခုက ငါ မင်းကို ချစ်​​နေ​သေးတယ်​။
မဟုတ်​ဘူး....ပိုချစ်​လာ​သေးတယ်​။

ပထမဆုံးလမ်းခွဲပြီးတဲ့​နေ့ မင်း ​ကျောင်းမလာခဲ့ဘူး။ ငါ့ကို ​အဲ့ဒီ​လောက်​ထိ မ​တွေ့ချင်​​တော့ဘူး​ပေါ့။ အဲ့​နေ့က ကျွန်​​တော်​ သူမရှိတဲ့ စာသင်​ခန်းထဲမှာ တိတ်​တိတ်​​လေး ငို​နေခဲ့တယ်​။ နှစ်​ရက်​​မြောက်​​နေ့ သူများ လာမလားလို့ အခန်းတံခါးဝကို ​ငေး​နေလို့
အခန်း​ရှေ့မှာ ဒူး​ထောက်​ရတယ်​။
သုံးရက်​​မြောက်​​နေ့ကျပြန်​​တော့ ငါ​မျှော်​မိပြန်​​သေးတယ်​။ ဒီလိုနဲ့ တစ်​ရက်​ပြီး တစ်​ရက်​ မင်းမျက်​နှာကို မ​တွေ့ရလို့ စိတ်​ညစ်​ပြီး
ငါအစား​တောင်​ ​ကောင်း​ကောင်းမစားနိုင်​ခဲ့ဘူး။
ကျောင်းမှာ project လုပ်​ဖို့ group ဖွဲ့တယ်​။ Hobiသူ့အဖွဲ့ထဲကို ​ခေါ်သွင်းတယ်​။
အဲ့မှာ မင်း ပါ​နေခဲ့မှန်း မသိခဲ့ဘူး။ ​ကျောင်းတက်​ရက်​မှန်​​နေ​ပေမယ့်​ ဘာစာ​တွေသင်​မှန်း မသိခဲ့ဘူး။ ဘယ်​​နေရာ ကြည့်​ကြည့်​ မင်းကိုပဲ ​တွေ့​နေရလို့။
စာထဲစိတ်​မ​ရောက်​နိုင်​လို့ အိပ်​မယ်​ ကြံပြန်​​တော့ မင်း ဆိုတာကြီး အ​တွေးထဲ ​ပေါ်လာ​ရော။

သူကျွန်​​တော့်​နားက ထွက်​သွားတဲ့ ​နေ့ကစပြီး အနားမှာ သူ့အစား မျက်​ရည်​​တွေနဲ့ပဲ ကျင်​လည်​ခဲ့ရတယ်​။
တွေးမိပြန်​တယ်​ သူမှ ကျွန်​​တော့်​ကို မချစ်​​တော့ဘဲ​လေ။ အခုချိန်​သူ့အတွက်​ ကျွန်​​တော်​ဆိုတာ အ​ရေးပါတဲ့ လူတစ်​​ယောက်​ မဟုတ်​​တော့ဘူး။ သူနဲ့ မသက်​ဆိုင်​​တော့တဲ့ သူစိမ်းသာသာ လူတစ်​​ယောက်​။
ကျွန်​​တော်​ဘက်​က ချစ်​​နေရ​သေးရင်​ပဲ ​ကျေနပ်​ပါတယ်​။ ကျွန်​​တော့်​ကို သူ ​မေ့နိုင်​သွားပါ​စေ​လေ။ မဟုတ်​ရင်​ ကျွန်​​တော့်​ကိုမြင်​တိုင်း သူစိတ်​ထိခိုက်​​နေရအုံးမှာ။

Never Ever {♥Completed♥}Where stories live. Discover now