Written By - KimTae_Nun
______________________________
အလွမ်းရက်တွေ ဆက်တဲ့နေ့တိုင်းမှာ အလွမ်းဇာတ်ကို တစ်ညတာအတွက် တစ်ခန်းရပ်ပေးခဲ့သည့် ကံကြမ္မာအား ကျေးဇူးတင်မိပါရဲ့။ တိုက်ဆိုင်စွာပဲ ဖေဖေ့မိတ်ဆွေဆိုတာ သူတို့မိသားစုပါတဲ့လား။
ချစ်သူ့မျက်နှာကို နောက်တစ်ဖန် ကြည့်ရှုခွင့်ရဖို့ ဘယ်လောက်များ စောင့်ဆိုင်းခဲ့ရလဲ။
ထင်မှတ်မထားတဲ့ ကြင်နာမှုတချို့နဲ့ နွေးထွေးမှုတို့ ရောက်ရှိလာချိန်ကျ ပြန်တော့
ရင်ခုန်သံစွတ်သည့် နှလုံးသားလေးဟာ မြောက်ကြွမြောက်ကြွနှင့်မို့။
ထပ်တစ်ဖန် ခံစားရသော အနမ်းနုနုဟာ ဒီရင်ကိုနွေးစေလွန်းလို့။ သူ့အတွက်တော့ အမှတ်တမဲ့ ကျွန်တော့်အတွက်တော့ သေရာပါ လက်ဆောင်ငယ်လေးတစ်ခု။နေရောင်ခြည်အစပျိုးသော ကျွန်တော့်ရဲ့ မနက်ခင်းလေးဟာ မရင်ကနှင့်မတူ ပြည့်ဝလွန်းသော အဓိပ္ပါယ်များစွာနှင့်။
ဘာရယ်မဟုတ် မနေ့က အနမ်းလေးအား ပြန်တွေးရင်း ရင်ခုန်ကာ ပြုံးနေမိသည်။
မတော်တဆ အနမ်းလေးက ကျွန်တော့်ရင်ကို ဗြောင်းဆန်စေပြန်သည်။
တချိန်ကအနမ်းတွေလို ရင်ဖိုလှိုက်မောခြင်းများ မပါဝင်ပေမယ့်လို့ပေါ့ နွေးထွေးပါရဲ့လေ။"သား နိုးပြီလား"
"အင်း"
"မေမေ သားဒီနေ့ ကျောင်းစောစောသွားတော့မယ် တာ့တာ"
လွယ်အိတ်လေးလွယ်ကာ ကျောင်းသို့ထွက်လာတော့ အတွေးတွေ တပွေ့တပိုက်နဲ့ပေါ့။ အဓိပ္ပါယ်မပြည့်စုံတဲ့ အနမ်းတစ်ချက်အား အယူကြီးစွာ ကျွန်တော်တပ်မက်သည်။ သူ့ဘက်မှ ရည်ရွယ်ချက်မရှိစေဘဲနှင့်လည်း ကျေနပ်သည်။
ကျွန်တော် ချစ်နေမိသေးသည်။ကျောင်းတက်ချိန်ထက် စောလွန်းနေသည်မို့
အတန်းထဲတွင် လူအနည်းငယ်သာ ရှိသည်။
ထိုင်နေကျနေရာလေးမှာ ၀င်ထိုင်ပြီး ဘာရယ်မဟုတ် ပြတင်းပေါက်အပြင်ဖက်သို့ ငေးမိတော့ ၀ါကြင်ကြင် သစ်ရွက်လေးတို့က
လေတစ်ခါယိမ်းတိုင်း တစ်ပွင့်ကြွေနေသည်ကိုး။
ဘာလိုလိုနဲ့ ကျောင်းပြီးချိန်ကြီးတောင် နီးလာလို့ပါလား။ နီးလျက်နဲ့ပင်ဝေးသည်မက ဝေးလျက်နဲ့ပင် ဝေးရတော့မည့် ကျွန်တော့်အဖြစ်အား တွေးမိတော့ လူက ငိုချင်ချင်။ ပြီးဆုံးသွားပြီ အရာအားလုံး အဆုံးသတ်သွားပြီလို့ အကြိမ်ကြိမ်ရင်ထဲမှာ ပိတ်လှောင်ကာ အော်ဟစ်ဖူးသော်လည်း လက်တွေ့ဘ၀မှာ ကျွန်တော်ဟာ စွဲလမ်းနေသူတစ်ယောက်။
JE LEEST
Never Ever {♥Completed♥}
FanfictieJeon Jungkook Kim Taehyung Vkook Be enjoy with my yaoi fic Co-author- KimTae_Nun