B

16.5K 881 25
                                    

Written by: CandyBangtan

_______________________________

ကျောင်းလာရသည့်​ နေ့ရက်​​တွေက စာသင်​ရတာက လွဲရင်​ ​ပျော်​စရာ​တော့ ​ကောင်းသား။ ဟက်​... အချစ်​ဆုံးကြီးကို စရ​နောက်​ရ ရန်​ဖြစ်​ရ အပျင်းကို​ပြေလို့။ အချစ်​ဆုံးကြီးဆိုတာ တခြား​တော့မဟုတ်​။ ဂျပု​မျောက်​​လောင်း Kim Taehyung​။ အချစ်​ဆုံးကြီးလို့ ​ခေါ်ရခြင်း အ​ကြောင်းရင်းက​တော့ ​သောက်​မြင်​ကတ်​လွန်းလို့ ချစ်​စနိုး​ခေါ်သည်​ဟု ဆိုရမည်​။ အမြင်​ကတ်​တာလည်းမ​ပြောနဲ့ စွာကျယ်​စွာကျယ်​ ​ဟောင်​ဖွာ​ဟောင်​ဖွာ ​ထော်​​လော်​ကန့်​လန့်​ နိုင်​လွန်းလို့။ ကျ​တော့်​ကို ​ခေါ်တာလည်း အရှည်​​ကောင်​တဲ့။ သူပုတိုင်း ​မနာလိုတတ်​တဲ့ ​သောက်​ကျင့်​​လေး။ ​မျောက်​​နဲ့​လောက်​စပ်​​မွေးထားတဲ့ ရုပ်​ကို ​ကောင်​မ​လေး​တွေ ၀ိုင်း​ကြွေကြတာ​တော့ အံ့သြဖို့​​ကောင်းသား။

အ​တွေးတစနှင့်​ အခန်း​ရှေ့​ရောက်​မှန်းမသိ ​ရောက်​လာ​တော့ အတန်းထဲမှာ လူ​တောင်​စုံ​နေပြီ။ ​ကော်​လံကို အသာသပ်ရင်း အခန်းထဲဝင်​လာ​တော့ ​ကောင်​မ​လေး​တွေ ​အော်​ကြတာများ ကမ္ဘာပဲနှစ်​ခြမ်းကွဲတာလိုလို ​နေပဲနှစ်​စင်းပြိုင်​ထွက်​လာတာလိုလို။ ကဲလိုက်​ကြတာ။ ကဲဆို ကျ​တော်​ကလည်း ပါ​ဖြောင့်​တာကိုး...ဟက်​။ ဘယ်​သူမှ အ​ရေးမစိုက်​အား ကျ​တော့်​အာရုံက ​နောက်​ဆုံးခုံရဲ့ ​ရှေ့တန်းက အချစ်​ဆုံးကြီးဆီသာ။ ကျ​တော့်​ကို ပြုံးပြုံးကြီး ဖြီးပြ​နေတာ နွားပွဲစားလာတယ်​များ မှတ်​တယ်​ ထင်​ရ။

'ဘာလဲ'

ပေ​စောင်း​စောင်းငုံကြည့်​ရင်း ခပ်​ဆက်​ဆက်​​မေး​တော့ အပြုံးမပျက်​​ ​ခေါင်းခါပြသည်​။ ​ခေါင်းတစ်​ချက်​ခါရင်း မ​နေ့က လုထားသည့်​ ​နောက်​ဆုံးခုံမှာ အားရ​ကျေနပ်​စွာ ၀င်​ထိုင်​လိုက်​သည်​။ ​မျောက်​​လောင်းကို အနိုင်​ရတိုင်း ​ပျော်​ရတဲ့အ​ပျော်​က ဘယ်​အ​ပျော်​နဲ့မှ မတူ။ လုချင်​လို့လုတာရယ်​​တော့ မဟုတ်​။ အတန်းလစ်​ဖို့ အ​ကောင်းဆုံးဂွင်​က အ​နောက်​ဆုံးခုံမို့ လုရခြင်း။

Never Ever {♥Completed♥}Where stories live. Discover now