L

7.7K 680 28
                                    

Written by: CandyBangtan

_______________________________

အိပ်​မရဘူး။ အိပ်​မ​ပျော်​ဘူး။ တစ်​ခုခုလို​နေတယ်​။ ဟုတ်​တယ်​ မ​နေ့တ​နေ့က သူ​လေးနဲ့ဖက်​အိပ်​ရတဲ့ feel။ လွမ်း​သလိုလို ဘာလိုလိုကြီး။ ခု​နေ အဲ့​သေး​သေး​လေးကို ဖက်​အိပ်​ပစ်​ချင်​တာ။ အင်း...ဖက်​အိပ်​ဖို့ဆို တူတူ​နေမှရမှာ။ တူတူ​နေရ​အောင်​လည်း လက်​ထပ်​မှရမှာ။ အင်း...သူနဲ့လက်​ထပ်​ချင်​တယ်​။ လက်​ထပ်​ရ​အောင်​က​လည်း အသက်​ကအခုမှ ၁၈​လေးမဆိုစ​လောက်​​ကျော်တာ။ အား ​ရှုပ်​​နေ​တာပဲ။ ဘာပဲဖြစ်​ဖြစ်​ လွမ်းတယ်​။ ဟိုဖက်​လှိမ့်​ဒီဖက်​လှိမ့်​လုပ်​​နေတုန်း vibrateပါ လုပ်​လာတယ်​။

*ဒူ....ဒူ....ဒူ......

💚အချစ်​ဆုံး ​စွာစိကပ်​ကပ်​လန်​​ Taehyungလေး💚

မြင်​တာနဲ့ ရင်​ခုန်​စရာ​ကောင်းတဲ့ contact name​လေးရယ်​။ ခု​ခေါ်​နေတာလည်း သူ​ပဲ။

"ဟဲလို အမိန့်​ရှိပါဗျ"

"အဟင်း..ဘာလုပ်​​နေလဲ"

"လွမ်း​နေတယ်​"

"ဘယ်​သူ့ကိုလဲ"

"Taeကို​ပေါ့"

"အဟင်း...သိသားပဲ"

အသံကိုက မယားငယ်​ ​ဆယ်​ဆက်​​မြောက်​အသံနဲ့။ ဒါ​ပေမဲ့လည်း အဲ့အသံ​လေးကို ချစ်​တာ။ သာယာတာ။

"ချစ်​ဆုံးကြီး အိမ်​မှာလား"

"အိမ်​မှာ​ပေါ့"

"အာ့ဆို ကို လာခဲ့မယ်​​​လေ"

"အမ်​...ဘာလာလုပ်​မှာလဲ"

"လာအိပ်​မလို့"

"ဟမ်​...တကယ်​လာမလို့လား"

"တကယ်​​ပေါ့ ခုလာပြီ​နော်​"

အမြန်​နှုန်းနဲ့ ပန်းကန်​လုံး စီးပြီး ချစ်​သူ​လေးအိမ်​သွား​တော့ အလိုက်​သိတဲ့ ချစ်​သူ​လေးက အိမ်​​ရှေ့မှာ ထွက်​​စောင့်​နေတယ်​။ ဘယ်​​လောက်​​ ချစ်​ဖို့​ကောင်းလဲ။

"Tae ဘာလို့အပြင်​မှာ ထွက်​​စောင့်​​နေတာလဲ"

"လာမယ်​ဆိုလို့​လေ"

"အထဲမှာ ​စောင့်​လည်းရတာကို"

"အပြစ်​တင်​တာလား"

Never Ever {♥Completed♥}Where stories live. Discover now