N

6.2K 594 70
                                    

Written by: CandyBangtan

_______________________________

ကောင်းကင်​ကြီးကို ​တွေ​တွေ​လေး ​ငေးကြည့်​မိ​တော့ ရင်​တွင်းမှာ တဆစ်​ဆစ်​ နာလာတယ်​။ ​ကျ​တော်​​လေ သူရဲ့အချစ်​ဦး ဖြစ်​ချင်​ခဲ့တယ်​။ ကျ​တော့်​အတွက်​​တော့​ သူဟာ အချစ်​ဦး ပြီး​တော့ အချစ်​ဆုံး။ ဒါကို သူက ​ပြောထွက်​ခဲ့တယ်​ ပစ်​ပစ်​နှစ်​နှစ်​ သူ့အချစ်​ဦး အ​ကြောင်း​တွေ။

ဘာတဲ့။

"ငါတို့က ​ကွဲသွားတာမဟုတ်​ဘူး ​ဝေးသွားခဲ့တာ"တဲ့။ ဒါဆို သူ့ရင်​ထဲမှာ သူ့အချစ်​ဦး ရှိ​နေ​သေးတာ အ​သေအချာ။ လူ​တွေက​ပြောတယ်​​လေ အချစ်​ဦး ​မြေးဦးရတဲ့အထိ မ​မေ့ဘူးတဲ့ ဟုတ်​မှာပါ။ အဲ့​နေ့က ​မေးမိတဲ့ကိုယ့်​ကိုကိုယ်​ မုန်းမိသလို ​ပျော်​​ပျော်​ကြီး ​ပြော​နေတဲ့ သူ့ကိုလည်း မုန်းမိတယ်​။ မဟုတ်​ဘူး မုန်းချင်​တယ်​။ မုန်းလို့မရလို့ မုန်းချင်​တယ်​။

Kim Tae Hyungရယ်​...မင်း ငါ့နှလုံးသားတစ်​ခုလုံးကို ဘယ်​လို​တောင်​ အဆိပ်​ခတ်​ခဲ့တာလဲကွာ။ ရင်​တစ်​ခုလုံးလည်း စုတ်​ပြတ်​​နေပြီ။ မင်း သိလား ငါ့မှာ ဘာအချစ်​ဦးမှ မရှိခဲ့ဘူး။ မင်းလို ပြန်​တမ်းတဖို့ noonaတစ်​​ယောက်​​တောင်​ မရှိခဲ့ဘူး။ ငါ မချစ်​တတ်​ခဲ့ဘူး။ ပထမဆုံး ချစ်​မိတာလည်း မင်းပဲ။ အချစ်​ဆုံးလည်း မင်းပဲ။ ​သေ​လောက်​​အောင်​ ချစ်​ခဲ့ရတာ မင်းက​တော့ ဘယ်​သိမလဲ။ မင်း ငါ့ကို တကယ်​မချစ်​ဘူးလို့ ခံစားလာရတယ်​။ မတည့်​အတူ​နေခဲ့ကြတဲ့ ငါတို့က ချစ်​ခဲ့တယ်​ဆိုတာ အပြင်​လူ​တွေအတွက်​ အထူးအဆန်းတစ်​ခု။ ငါ့အတွက်​လည်း အခု ထူးဆန်းလာပြီ။ မတည့်​ခဲ့ကြ​ပေမဲ့ ငါ မင်းကို တကယ်​ချစ်​ခဲ့တယ်​။ မင်းက​ရော.....မင်းက ငါ့ကို လက်​စား​ချေဖို့ သက်​သက်​များ ချစ်​ချင်​​ယောင်​​ဆောင်​ခဲ့တာလားကွာ။

ပြောရက်​တယ်​​နော်​။

"ခုထိတွဲ​နေတုန်းဆို 3 years anni​လောက်​ ရှိ​ရော​ပေါ့"တဲ့။ အဲ့noonaသာပြန်​လာရင်​ ငါ့ရင်​အစုံကိုကန်​ပြီး မင်းထွက်​သွားမှာမလား။ မရဘူး Kim Tae Hyung...မရဘူး။ ငါ့ရင်​ကို ကန်​ထွက်​သွားမှာ​တော့ ခွင့်​မပြုနိုင်​ဘူး။ ငါပဲ ထွက်​သွားမယ်​။ ငါပဲ မင်းကို ထားခဲ့မယ်​။ မင်း ငါ့ကို ထားသွားလို့မရဘူး။ ငါ့မှာ မာန​လေး တချို့နဲ့ အတ္တ​လေးတချို့ ရှိတယ်​ဆိုတာ မင်း သိပါ​စေ။

Never Ever {♥Completed♥}Where stories live. Discover now