U

6.4K 585 45
                                    

Written by- KimTae_Nun

_______________________________

သူစိမ်းဆန်​​သော အ​ခြေအ​နေမှာ ​လေစိမ်းများကလည်း မညှာမတာ တိုး​ဝှေ့တိုက်​ခတ်​သည်​။
တခါတခါ စူးစိုက်​စွာ ကြည့်​တတ်​သည့်​ သူ့အကြည့်​ကို ယခုထိ အာရုံခံ​ကောင်းဆဲ။
အချစ်​ဟာ နက်​နဲလွန်း​တော့ ရုန်းထွက်​ဖို့ ခက်​ခဲ​လေခြင်း​ပေါ့။ သူနဲ့ပတ်​သတ်​သမျှ ​မေ့ထားပစ်​ဖို့ ဆုံးဖြတ်​ထားကာမှ လက်​ကဒဏ်​ရာ​ကြောင့်​ ဂရုစိုက်​မိလိုက်​​သေး။
ပတ်​တီးစည်းထား​သော ထိုလက်​ကြီးက ဘာအ​ကြောင်း​ကြောင့်​များလဲ?????
စဉ်းစားမိပြန်​ပါပြီ.........။

ကျွန်​​တော်​သူ့အနားမရှိ​တော့တဲ့ ​နောက်​ပိုင်း ရလာတဲ့အနာတရများကို ဂရုတစိုက်​ ပြုစု​ပေးနိုင်​စရာမရှိ​တော့ဘူးပဲ။
ဟက်​......ရယ်​စရာ​တော့​ကောင်းသား ​တောင့်​တခွင့်​​တောင်​ မရှိ​တော့တဲ့လူကို တပ်​မက်​​နေမိ​သေးတယ်​။ ​ရေးလက်​စ​ဘောပင်​ကို လက်​မှချပြီး စာကူး​ပေးဖို့ ယူခဲ့​သော သူ့ assingment စာအုပ်​​လေးကို ဘာရယ်​မဟုတ်​ လှန်​​လောကြည့်​လိုက်​သည်​။
ဟိုတစ်​ခု ဒီတစ်​စု ​ရေးထားတဲ့ ကျွန်​​တော့်​နာမည်​​လေး​တွေ။ သူလည်း ကျွန်​​တော့်​လိုပါပဲလား။ စာကိုသာ ဟုတ်​တိပတ်​တိမလုပ်​တာရယ်​ မဟုတ်​တာ လုပ်​ဖို့ကျ လက်​သွက်​လိုက်​တာများ။
ဟိုခြစ်​ဒီခြစ်​​ရေးထားတဲ့ သူ့လက်​​ရေးကို ကြည့်​​နေရင်း ကျဆင်းလုနီးနီး မျက်​ရည်​များကို ပုတ်​ခတ်​လိုက်​ရင်း ​ဘေးနားမှ ခဲဖျက်​နှင့်​ ထိုစာများအား ရှင်း​ပေးလို​က်​သည်​။ သူမြင်​သွားရင်​ အလကားသက်​သက်​ စိတ်​ဆင်းရဲ​နေအုံးမှဖြင့်​။ ဒါတင်​မက ဒီစာအုပ်​​လေး ဆရာမလက်​ထဲ​ရောက်​သွားကြည့်​ နာမည်​ကြီးသွားမှာ။

ခပ်​ရှုပ်​ရှုပ်​ထိုအ​တွေးအား ​ခေါင်းထဲမှ ထုတ်​ပြီး ​စာကိုသာ အာရုံစိုက်​ကာ ​ရေး​နေခဲ့သည်​။
တစ်​ချက်​တစ်​ချက်​အ​တွေးထဲ ​ရောက်​​​ရောက်​လာသည်​က ကျွန်​​တော်​ဆီကို​ ဖုန်း​တောင်​ပြန်​မဆက်​ခဲ့​တော့တဲ့ သူ့အ​ကြောင်း။
Kim Tae Hyung မင်း​တော်​​တော်​ရူး​နေပြီ သိလား။ သူကဖြင့်​ မင်းနဲ့လမ်းခွဲပါ့မယ်​ဆိုတာကို။ မင်းတို့က ချစ်​သူ​တွေမှ မဟုတ်​​တော့ဘဲကို။
မင်းက သူ့အတွက်​  သာမာန်​သူစိမ်းတစ်​​ယောက်​ ဒါမှမဟုတ် တစ်​ချိန်​ကလို ရန်​သူတစ်​​ယောက်​။
တွေး​လေ ​ဆွေး​လေ ဖြစ်​ရပ်​ကြီိးမှာ ​နောက်​ဆုံး အ​တောမသပ်​နိုင်​စွာ ငို​ကြွေးသူက ကျွန်​​တော်​ပါတဲ့လား။ ဘာလို့များ ထိုလူကို ​သေမတတ်​​တွေ ချစ်​ခဲ့ရတာပါလဲ။
ဘာလို့များ အခုထိ ချစ်​​နေတာပါလိမ့်​????

Never Ever {♥Completed♥}Where stories live. Discover now