Q

5.8K 547 43
                                    

Written By- KimTae_Nun

_______________________________

မျှော်​လင့်​ချက်​ ဆိုတာမျိုးဟာ လင်းတစ်​ချက်​ မှိတ်​တစ်​ချက်​နဲ့ ​ကောင်းကင်​က ကြယ်​​တွေလိုပင်​။ ဟိုးအ​ဝေးကို ​မျှော်​ကြည့်​ရင်း
ပိုင်​ဆိုင်​ခွင့်​ကို ​မက်​​မောခဲ့ရတာမျိုး။
ဒီလမ်း​လေးမှာ ​တစ်​​ယောက်​တည်း ​အေးခဲစွာ ရပ်​​စောင့်​​နေခဲ့ပါသည်​။

"အ..."

"Bibi အဆင်​​ပြေရဲ့လား"

ကျွန်​​တော့်​​ရှေ့မှာ ရုတ်​တရက်​ ​ခြေ​ခေါက်​ကာ လဲကျသွား​သော သူမ ကိုယ်​​လေးအား အ​နောက်​မှ လှမ်းထိန်းလိုက်​သည်​။
ကျွန်​​တော့်​ရင်​ခွင်​ထဲ ပုံခနဲ လှဲကျလာ​သော သူမကိုယ်​​လေး။

ဒီလို မိန်းမ​ချော​လေးတစ်​​ယောက်​ ​ဘေးနားမှာ ရှိ​နေခဲ့တာ​တောင်​ ငါမင်းကို ​တစ်​စက္ကန့်​​လေး​တောင်​ အ​တွေးထဲက ထုတ်​မရခဲ့ဘူး။ မင်း ဘက်​က​ရော...။
မနက်​က မင်းအခန်းထဲဝင်​လာ​တော့ လှမ်းကြည့်​မိ​သေးတယ်​။ အကြည့်​​တွေက စိမ်းတယ်​​နော်​။ အကြာကြီးစိုက်​ကြည့်​​နေရင်​ ​ဝှေ့တက်​လာမယ့်​ မျက်​ရည်​​တွေကို မင်းမြင်​သွားမှာ သိပ်​​ကြောက်​တယ်​။
မင်း အ​ရှေ့မှာ ငါသတ္တိနည်းတဲ့လူ မဖြစ်​ချင်​ခဲ့ဘူး။ မင်းကို သိပ်​ချစ်​​တဲ့ လူတစ်​​ယောက်​အ​နေနဲ့ပဲ ဖြစ်​တည်​ချင်​ခဲ့တာ။

အ​ဝေးမှ ​ခြေသံယဲ့ယဲ့ကို ကြားမိသည်​။
ဒီ​ခြေသံ ကျွန်​​တော်​ အလွတ်​​ရ​နေခဲ့​သော ​သူ့​ခြေသံငယ်​။ အ​နောက်​ကို လှည့်​ကြည့်​​တော့ ​ပြေးထွက်​သွားသည့်​ ရင်းနှီးလွန်း​နေ​သော သူ့​ကျောပြင်​ကျယ်​ကျယ်​သာ အဖတ်​တင်​ ကျန်​ခဲ့သည်​။

ကျွန်​​တော်​​ကို​ယ်​​ပေါ် ကျ​ရောက်​​နေ​သော သူမကို ဆက်​ခနဲ​ဘေးသို့ တွန်းလိုက်​ပြီး ဦးတည်​ရာတစ်​ခုဆီသို့ ​ခြေလှမ်းတိုင်းဟာ ဒုန်းဆိုင်း​ပြေး​နေသည်​။

"Tae Hyung"

ရှေ့တည့်​တည့်​မှ Hobi က လက်​ယှက်​လှမ်း​ခေါ်​နေ​​သည်​။ သူကမျက်​နှာကြီးကို ရှုံ့မဲ့လို့ အ​မောဆို့​နေသည့်​ ကျွန်​​တော့်​ကို ကြည့်​​နေသည်​။

Never Ever {♥Completed♥}Where stories live. Discover now