C

10.6K 805 41
                                    

Written by: Kim Tae_Nun

_______________________________

ဒီနေ့က အရင်ကနဲ့မတူ  လျင်မြန်ဖြတ်လတ် နေလိုက်တာ။ ဒီလိုဖြစ်ရတယ်ဆိုတာ မနေ့တနေ့က ဟိုအရှည်ကောင် စက်ဘီးကို ဘီးဖောက်ခဲ့ရတယ်လေ။
စက်ဘီးလေး ထမ်းပြီး အိမ်ပြန်ရတဲ့သူ့ကို အနောက်ကနေ
ကြည့်ပြီး အူတက်အောင် ခွီးလိုက်ရတာ။
သူ့လို ရှည်ရှည် ရှည်ရှည်နဲ့ အကောင်က သူ့ဒူးလောက်ပဲ
ရှိတဲ့ ပြိုင်ဘီးလေးကို စီးသတဲ့။ ဘေးနားက ဖြတ်သွားတဲ့
ခွေးတောင် တွေ့ရင် ရယ်အုံးမယ်။

ဒါပေမယ့်လည်း ကျွန်တော့်ကို ရေနဲ့ပတ်တဲ့ ကိစ္စကို ကျေနပ်တာမဟုတ်။ ဘယ်ညစ်တီးညစ်ပတ် ရေတွေနဲ့
ဒီမျက်နှာနုနုလေးကို လောင်းချလည်းမသိ။
သူ့လို ကြမ်းတမ်းနေတဲ့ ယုန်ပေါက် မျက်နှာလိုများ ထင်နေလား မသိဘူး။
ပြောရင်းဆိုရင်း အတန်းထဲမှာ အရှည်ကောင်တောင်
ရောက်နေပြီ။ မျက်နှာကြီး ကိုက အီးမှန်ထားတဲ့ရုပ်နဲ့။
အတန်းထဲဝင်တော့ သူက ပြူးပြဲနေအောင် ကြည့်နေသည်။
စချင်စိတ်တွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတော့။

"ဘယ်​လိုလဲမ​နေ့က? စက်​ဘီးထမ်းပြန်​ရတဲ့ feeling ​လေး​လေ"

"Yah!!Kim Tae Hyung"

Wink ​လေးတစ်​ချက်​​ပေးကာ ​ရှေ့ပြန်​လှည့်​ပြီး
အသားကုန်​ ခွီးလိုက်​ရတာ။
အ​နောက်​က​နေ ကျိန်​ဆဲ​နေလိုက်​တာများ ဘယ်​​ခေတ်​ကတည်းက ဆဲနည်း​တွေလဲ​တောင်​ မသိ​တော့။
ထူးထူးခြားခြား ဒီ​နေ့တစ်​ရက်​ အိမ်​စာ​တွေပြီးလို့။
မပြီးလို့ မရဘူး​လေ ထပ်​ရမယ့်​စာအုပ်​က သချာင်္စာအုပ်​။ သခ်ာၤဆရာမက အပ်ိဳႀကီး။
အပျိုကြီးဆို​တော့ သိတဲ့အတိုင်း ဇီဇာ​ကြောင်​ချက်​။မင်​တစ်​စက်​​တောင်​ မှားမတို့လိုက်​နဲ့ ကမ္ဘာပျက်​သွားမယ်​။
အဲ့လို ဆရာမမျိုးကို​လေ ဟိုလူ့ဂွစာ အင်္ဂလိပ်​ဆရာနဲ့ ​ပေါင်းထား​ပေးရမှာ။

"Tae Hyung ဒီမှာ ခန​လောက်​လာကူ ပါလား"

အတန်း​ခေါင်း​ဆောင်​က သူမနိုင့်​တနိုင်​ သယ်​လာသည့်​ စာအုပ်​များကို ပြုတ်​မကျ​အောင်
ထိန်းရင်း အလုပ်​ရှုပ်​​နေရှာတယ်​။
ဒီလိုမျိုးဆို ကျွန်​​တော်​တို့က ကူညီတတ်​တယ်​။
ဟို အရှည်​​ကောင်​လို့ အကျင့်​ပုတ်​မျိုးမဟုတ်​ဘူး။
ကျွန်​​တော်​လည်း အတန်း​ခေါင်း​ဆောင်​ကို
ကူညီရင်း အတန်းထဲ ​ဝှေ့​နေသည်​။
ကျွန်​​တော်​ ပြန်​လာ​တော့ ဟိုအ​ကောင်​က
စပ်​ဖြီးဖြီးကြည့်​​နေသည်​။ ​လှောင်​တာလား ဘာလား​တော့ မသိ​ပေမယ့်​ ခပ်​လန့်​လန့်​။
မဟုတ်​က ဟုတ်​က​တွေများ ကြံစည်​ထားလား။

Never Ever {♥Completed♥}Where stories live. Discover now