J

8.6K 725 46
                                    

Written by: CandyBangtan

_______________________________

ကျောင်းကလည်းဘာလိုလိုနဲ့ ပြန်​ဖွင့်​ပြီ။ ပျင်းတယ်​ဆို​ပေမဲ့ ​ပျော်​​တော့​ပျော်​သား။ ရည်းစား​လေးရှိပြီ​လေ အဟင်း။

"Jungkook ​ကျောင်းဆင်းရင်​ နင့်​အဖွားအိမ်​၀င်​ပြီး ​ကင်​ချီယူခဲ့​ ကြားလား"

"ဟုတ်​ဟုတ်​"

ကျောင်းဆင်းရင်​ အသဲ​လေးနဲ့ သွားလည်​မလို့ပါဆို အဲ့အ​မေက တစ်​မျိုး။ ရည်းစား​လေးရတာကို မယွရဘူး။

စိတ်​​ပေါက်​​ပေါက်​နဲ့ စက်​ဘီး​ကောက်​ထုတ်​ပြီး နင်းလာလိုက်​တယ်​။ ဘာကို စိတ်​တို​နေမှန်းမသိဘူး။ မလည်​ရလို့ ဟုတ်​တယ်​ သူများဂွင်​ကို အ​မေဖျက်​တာ။ ဒါနဲ့ မနက်​ကတည်းက ဖုန်းမဆက်​တဲ့ ဟိုငနာ​လေး။ ​တွေ့အုံးမယ်​....​တွေ့အုံးမယ်​....မယ်​.....​တွေ့ပြီ....ဟိုမှာ။ အဲ့ဒါက ဘယ်​လိုဖြစ်​နေတာလဲ။ ဟိုလူ့ရင်​ခွင်​ထဲ ​ရောက်​လိုက်​၊ ဒီလူ့ရင်​ခွင်​ထဲ ​ရောက်​လိုက်​နဲ့။ ​တော်​​တော်​ယွ​နေပါလား Kim Tae Hyungရယ်​။

basketball​ဆော့​နေတာ​လေ။ သူ့လို ညှပ်​စိ​ နှံပီစုပ်​ကများ ဟိုဗလကြီး​တွေကြားထဲမှာ သွားယွ​နေတယ်​။ ဟို​ကောင်​​တွေကလည်း ​ဘောလုံးကို ပိုက်​ထဲမသွင်းပဲ တစ်​​ယောက်​​နဲ့ တစ်​​ယောက်​ ​ပစ်​ပေးရင်း ကျ​တော့်​​ကောင်​​လေးကို လုခိုင်းပြီး အသားယူ​နေကြတာ။ ဒါကိုမသိတဲ့ ​မျောက်​မက ရုပ်​ကြီးကို ဖြီး​နေတာပဲ။ အားလားလား။ သတ်​မိ​တော့မယ်​​။

စက်​ဘီးကို ​ဒေါက်​​တောင်​မ​ထောက်​နိုင်​ဘူး။ ပစ်​ချပြီး သူ့ဆီသွားတာ စက်​ဘီး​လေးမှာ သနားပါတယ်​။ ​မြေကြီး​ပေါ်ကို အတုံးအလဲ။

"Kim Tae Hyung!!!"

ကျ​တော့်​ကိုမြင်​​တော့ ​ကြောက်​သွားမလား မှတ်​တယ်​။ ဖြီး​တောင်​ဖြီးပြလိုက်​​သေး။ ဒီ​လောက်​ ခပ်​မာမာထားတဲ့မျက်​နှာက ချစ်​ဖို့များ ​ကောင်း​နေလို့လား​။ ကြည့်​စမ်း လက်​​တောင်​လှမ်းပြ​နေ​သေး။ ရိုက်​သတ်​မိ​တော့မယ်​။ သွားဆွဲ​ခေါ်​တော့မှပဲ ပါလာ​တယ်​။

Never Ever {♥Completed♥}Where stories live. Discover now